Jun 16, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 16, 2024
တရားမျှတမှုကိုလိုလားပြီး အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်များနှင့် ပူးပေါင်းပါဝင်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမားများ ဖြစ်သည့် ချိုကြီး(ခ)ဟိန်းထက်အောင် အပါအဝင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား ၁၀၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် သတင်းအား ဇွန်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
Jun 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား နယ်မြေခံလေတပ် စခန်းဌာနချုပ်၊ သူရအုန်းခိုင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
Jun 16, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 16, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း Pre Painted Galvanized Iron Sheet In Coil ၁၀၈၃၁၅ ကီလိုဂရမ်၊ Castrol အင်ဂျင်ဝိုင် ၄၇၅၂ ကီလိုဂရမ်စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၆၆၀၄၁၉)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jun 16, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ပျံချီ)သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်းအပြင်၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ ဆရာမများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားသည်။
Jun 16, 2024
၂၀၂၄ ခုနှစ် ဇွန် ၁၅ ရက်တွင် ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့အရုဏ်ဆွမ်းဆက်ကပ်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ ပျဉ်းမနားမြို့ ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသ အမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြည်ညိုကြသည်။
Jun 16, 2024
မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲတိုက်ခိုက်မှုများ ကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နေ့ညမပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Jun 16, 2024
တောင်သူများ ပူးပေါင်းပါဝင်ရွေးချယ်သော စပါးမျိုးသားဆက်လိုင်းများရွေးချယ်ခြင်း ဆောင်ရွက်မှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင် ရပ်ကွက်တောင်သူ ဦးတင်အောင်ထွန်း၏ လယ်မြေ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေးသုတေသနပညာရှင်များ တက်ရောက်၍ စပါးမျိုး သားဆက်လိုင်းရွေးချယ်ခြင်းဆိုင်ရာ နည်းပညာအဆင့်ဆင့်ကို ရှင်းလင်းပြသကြသည်။
Jun 16, 2024
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ စတုရန်းပေအား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်နိုင်ရန် ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိဓမ္မာရုံ၌ ကျင်းပသည်။
Jun 16, 2024
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ကောင်စီဝင်များ လပတ်ပုံမှန်အစည်းအဝေး(၃/၂၀၂၄)ကို ရန်ကုန်မြို့ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းကကျင်းပရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တက်ရောက်အမှာစကားပြောကြားသည်။
Jun 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအား မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
Jun 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နှင့် ဝမ်းတွင်းမြို့နယ်တို့အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများနှင့် ဒေသထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။
Jun 16, 2024
နိုင်ငံတော်ကချမှတ်ထားသည့် လူမှုရေးဦးတည်ချက်တွင် ပညာရေးကိုအခြေခံသည့် ရည်မှန်းချက်များကို ဦးစားပေးဖော်ဆောင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ မြင့်မားသည့် လူမှုဘဝအဆင့်အတန်းရရှိရေးအတွက် ကြီးစွာအထောက်အကူပြုနေသဖြင့် ပညာရေးကိုမြှင့်တင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Jun 16, 2024
ကယားပြည်နယ်၏မြို့တော် လွိုင်ကော်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းဆောင်ရွက်နေကြပြီဖြစ်သည်။ အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူများ တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် ပျက်စီးခဲ့သမျှတို့ကို ဒေသတည်ငြိမ်အေးချမ်းမှုရရှိလာချိန်တွင် ပြန်လည်ထူထောင်တည်ဆောက်ကြရခြင်းဖြစ်သည်။
Jun 15, 2024
အေးချမ်းတည်ငြိမ်လျက်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်/စခန်းများအား PNLO အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဝင်ရောက်တိုက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ဟိုပုံး-ဘန်းယဉ်-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းတစ်လျှောက်အား ပိတ်ဆို့၍ အဆိုပါဒေသအတွင်း အဖျက်အမှောင့် လုပ်ငန်းများအား အဆက်မပြတ် လုပ်ဆောင်ခဲ့ကြသည်။
Jun 15, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၌ ဇွန်လ ၁၄ ရက်နေ့တွင် တပ်မတော်က လူဦးရေစာရင်းကောက်ယူပြီး လူငယ်အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားကြောင်း မှန်ကန်မှုမရှိသော သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Jun 15, 2024
၁။ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောင်ရွက်မည့် စာဆိုဗိမာန် (Sarso Beikman ( ၁၆ဝ၊ x ၁၄ဝ၊ ) RC (၃) ထပ် အဆောက်အဦနှင့်ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၈-A)၊ မြေကွက်အမှတ်(၂၉)၊ မြေဧရိယာ(၂.၁၈) ဧကပေါ်၌ ဆောက်လုပ်ရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
Jun 15, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေးခန်းမဆောင်၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Jun 15, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေပြည်သာစက်မှုဇုန် ကနောင်ခန်းမ၌ကျင်းပသည့် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်သည်။
