နေပြည်တော် အောက်တိုဘာ ၈
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုကျင်းပမည့် Engineering Technology and Education Forum ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရုံးအမှတ် (၂၁) ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဖိုရမ်၏ Parallel Sessions များအတွက် အနာဂတ် အင်ဂျင်နီယာပညာရေး၊ နိုင်ငံတော်ရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍ၊ စွမ်းအင်လုံခြုံမှုအတွက် အစိမ်းရောင်စွမ်းအင်မှ ပံ့ပိုးပေးနိုင်မှု၊ နောက်ဆုံးပေါ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအရွေ့များ၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ဟူသော ခေါင်းစဉ်များကို သတ်မှတ်ထားပါကြောင်း၊ ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အင်ဂျင်နီယာလောက၏ Stakeholders အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဖိုရမ်ခေါင်းစဉ်များ၊ စာတမ်းများနှင့်စပ်လျဉ်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြကာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားသည်။
အစည်းအဝေးသို့ ဆက်စပ်ဌာနများဖြစ်ကြသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်နည်းပညာတက္ကသိုလ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှစ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ၊ EEAC ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း အတွင်းရေးမှူးအပါအဝင် ပြင်ပအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်