Jun 17, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၉-၆-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၆-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၃,၈၇၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၂) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Jun 17, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာကြသူများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း (ရှမ်းတဲ) သို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
Jun 17, 2024
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။
Jun 17, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ နိုင်ငံ့လက်ရွေးစင်အဆင့်ထိ ရောက်ရှိအောင် မိမိဝါသနာပါသည့် အားကစားကို ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားသွားရန်တိုက်တွန်းမှာကြားပြီး စဉ့်ကိုင်မြို့နယ် အားကစားကွင်း၊ ကျောက်ဆည်ခရိုင် အားကစားကွင်းနှင့်အားကစားရုံများကို လိုက်လံကြည့်ရှု စစ်ဆေးကာဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jun 17, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘောအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ အားကစားရုံ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ ဘော်လီဘောအားကစားကို စိတ်ဝင်စားသူ ဝန်ထမ်းများ တက်ရောက်အားပေးကြသည်။
Jun 17, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က အောင်ပန်းမြို့ရှိ ဒေသသုတေသနဗဟိုဌာန၏ ပဲပုပ်သီးနှံသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဌာနကထုတ်လုပ်ပေးလိုက်သည့် ဆင့်ပွားမိဘမျိုးစေ့မှ အဆင့်ဆင့်မျိုးပွားထုတ်လုပ်ပြီး မျိုးစေ့ဖူလုံရေးဆောင်ရွက်ရာတွင် မျိုးစေ့စီးဆင်းမှုမှန်ကန်ရေး၊ ထိရောက်သော မျိုးသန့်မျိုးပွားမျိုးဖြန့်မှုလုပ်ငန်း ပီပြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ မျိုးစေ့ထုတ်တောင်သူများ အကျိုးအမြတ်သေချာစေရေးနှင့် စီးပွားဖြစ်စိုက်ပျိုးရန် ထုတ်လုပ်လိုက်သည့်မျိုးစေ့ကို အသုံးပြု၍စိုက်ပျိုးရာတွင်လည်း တွက်ခြေကိုက်သည့် အထွက်နှုန်းနှင့် အရည်အသွေးရရှိစေရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
Jun 17, 2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့တွင် မိတ္ထီလာ-ကျောက်ပန်းတောင်း-မကွေးကားလမ်းဘေး ဝဲ၊ ယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jun 17, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကို ထုတ်ပြန်ပေးလျက်ရှိသည်။
Jun 17, 2024
၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်(Public Feedback Programme - PFP)” ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
Jun 17, 2024
၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို “အမျိုးသမီးများရဲ့စွမ်းဆောင်မှုလူမှုဘဝအကျိုးပြု” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံသားတိုင်းမည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကာ ပညာရေးဆိုင်ရာ၊ ကျန်းမာရေးနှင့်အားကစားဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ဘာသာ/သာသနာအကျိုးပြုလုပ်ငန်းများကိုအခြေပြု၍ မြန်မာအမျိုးသမီးထု၏လှုပ်ရှားမှုကို ပေါ်လွင်စေရန် လွတ်လပ်စွာရိုက်ကူးယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ်ရှစ်သိန်း၊ တတိယဆု ငွေကျပ်ခြောက်သိန်းနှင့် အထူးဆုငါးဆုပါရှိမည်ဖြစ်ပြီး အထူးဆုတစ်ဆုလျှင် ငွေကျပ်လေးသိန်းစီချီးမြှင့်မည်ဖြစ်သည်။
Jun 17, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jun 17, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
Jun 17, 2024
မှော်ဘီမြို့ပြည်သူ့ဆေးရုံ၏ နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jun 17, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ရောက်ရှိ စစ်ဆေးရာ ခရိုင်ဦးစီးဌာနမှူးက ဌာနမှ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။
Jun 17, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန် လမ်းပိုင်း)ပေါ်ရှိ လမ်းအသုံးပြုခကောက်ခံလျက်ရှိသည့် တိုးဂိတ်များကို ကြည့်ရှုစစ်ဆေးသည်။
Jun 17, 2024
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၄ ရက်မှ ၁၅ ရက်အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပနိုင်ရေး အရှေ့တောင် အာရှအားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေး (1st Southeast Asian Games Federation (SEAGF) Meetings) သို့ တက်ရောက်ပြီး ယနေ့နံနက် ၁၁ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Jun 17, 2024
တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့တွင် ဇွန် ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် (၅) ကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ်အခမ်းအနား (5th Lancang–Mekong Audiovisual Week) သို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံကူမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
Jun 17, 2024
မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင်ပါမှ နိုင်ငံ၏ GDP တိုးတက်လာပြီး စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများတိုးတက်ကာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာပြီး နိုင်ငံ့စီးပွားရေးလည်း မြင့်မားလာမည်ဖြစ်သည်။
Jun 17, 2024
အရှေ့တောင်အာရှဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုများသည် အဓိကအားဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားနေသည့် နယ်စပ်ဒေသများဖြစ်ကြောင်းနှင့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရားမဝင် မူးယစ်ဆေးထုတ်လုပ်မှုများ၏ ဗဟိုချက် ဖြစ်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာတစ်ရပ်တွင် မကြာသေးမီက ဖော်ပြခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများသည် ရေလမ်းမှတစ်ဆင့် တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ပစိဖိတ်ဒေသ နိုင်ငံများအထိ ရောက်ရှိသွားကြောင်း သတင်းမီဒီယာများတွင် တွေ့ရသည်။
Jun 16, 2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၄၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်လှုံ့ဆော်နေသည်ကို တွေ့ရှိရသည်။
