Skip to main content

ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူရှင်များက အစားအစာ၊ အဝတ်အထည်နှင့် စာရေးကိရိယာများလှူဒါန်း

နေပြည်တော် အောက်တိုဘာ ၈

ရေဘေးဒဏ်ခံစားရသောဒေသများအတွက် စင်ကာပူနိုင်ငံ Ma-hakaruna Buddhist Society ၊ Singapore Sinhala Buddhist Association နှင့် Willing Hearts Foundation တို့က အစားအစာ၊ အဝတ်အထည်နှင့် စာရေးကိရိယာများလွှဲပြောင်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးကြည်ကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ (နိုင်ငံခြားရေးဝန်ကြီးဌာန) ၏ ညှိနှိုင်းဆက်သွယ်ပေးမှုအရ ဆရာတော် Dr. K. Gunaratana ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ အောက်တိုဘာ ၈ ရက်ကရောက်ရှိပြီး အလှူပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ နေပြည်တော်အတွင်း ရေဘေးသင့်ဒေသများသို့ အလှူရှင်များကိုယ်တိုင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်