နေပြည်တော် အောက်တိုဘာ ၂၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Vorozhtsov Alexander Borisovich ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ပညာရေးဝန်ကြီးဌာနတို့အကြား ဘွဲ့ဒီဂရီများ အပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မြန်မာနိုင်ငံတက္ကသိုလ်များနှင့် Tomsk State University တို့အကြား နားလည်မှုစာချွန်လွှာများ ရေးထိုး၍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာကျောင်းသား ကျောင်းသူများ ရုရှားနိုင်ငံသို့ ပညာတော်သင် ပိုမိုစေလွှတ်နိုင်ရေးနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်