Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Vorozhtsov Alexander Borisovich ၊ Tomsk ပြည်နယ် တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Tomsk State University ၌ သင်ကြားပို့ချပေးလျက်ရှိသော စိုက်ပျိုးရေးနှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဘာသာရပ်များ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်များအပါအဝင် အခြားသောဘာသာရပ်ဆိုင်ရာ နယ်ပယ်များတွင် သင်ကြားပို့ချပေးနေမှုများ၊ Bachelor ၊ Master ၊ Ph.D Degree Programme များတွင် ပါဝင်ယှဉ်ပြိုင်လျှောက်ထားနိုင်မည့် အခြေအနေများ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ Tomsk State University နှင့် မြန်မာနိုင်ငံ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များအကြား ပညာရပ်ဆိုင်ရာနှင့် အကျိုးပြုသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ Exchange Visits၊ Seminar များ၊ Webinar များ တက်ရောက်နိုင်ရေးအတွက် MoU လက်မှတ်ရေးထိုးရေး ညှိနှိုင်းဆောင်ရွက်မည့်အခြေအနေများ၊ Schlorship ပညာသင်ဆုလျှောက်ထားနိုင်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း) တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်