Skip to main content

Sep 11, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ခရိုင် ကိုဗစ်-၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးကော်မတီအဖွဲ့များနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်းကို ယမန်နေ့ ညနေ(၃)နာရီ က မိုးမိတ်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နှင့် ပုလုံးတုံတုံးပင်လယ်ကျွန်းရွာသို့ ဆက်သွယ်တည်ဆောက်လျက်ရှိသည့် ပုလုံးတုံတုံးပင်လယ်ဖြတ်ကူး ကွန်ကရစ်တံတားသစ်ကြီး တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ယနေ့နံနက်ပိုင်းမှစတင်ကာ အများပြည်သူနှင့် မော်တော်ယာဉ်များအား စတင်ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ကိုဗစ် − ၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ/ရိပ်သာများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက Online အခမ်းအနားဖြင့် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က တက်ရောက်အမှာစကားကို ပြောကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီဥက္ကဋ္ဌ ဦးအေးကြိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ စောထွန်းအောင်မြင့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ကျွန်တော်ပါဝင်သော အမျိုးသားပညာရေး မူဝါဒကော်မရှင် (NEPC) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် သုံးဦးတို့သည် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (National Management Degree College) သို့ လေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။ ဤကောလိပ်သည် သာမန်သမားရိုးကျကောလိပ်၊ တက္ကသိုလ် များနှင့်မတူ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာဘွဲ့ (B.BM – Bachelor of Business Management)၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ် စာဘွဲ့ (B.A. EPP – Bachelor of Arts (English for Professional Purposes)၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်စီမံခန့် ခွဲမှုပညာဘွဲ့ (B.THM – Bachelor of Tourism and the Hospitality Management )၊ သတင်းအတတ်ပညာဘွဲ့ [ B.A. JNL – Bachelor of Arts (Journalism)]တို့ကို ဘွဲ့ပေးရာ ဘွဲ့ရရှိသူအားလုံးနီးပါး အလုပ်အကိုင်ရရှိကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ရှေ့လာမည့်ငါးနှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများ နှစ်အပိုင်း အခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်အသုံးပြု၍ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

“အခုနောက်ပိုင်း ဖြစ်တဲ့သူတွေထဲမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေ ပါလာတာလည်း ကျွန်မ သတိထားမိပါတယ်။ (၁၆) နှစ်၊ (၁၅)နှစ်၊ (၁၈)နှစ် ပေါ့။ အရွယ်ကောင်းလေးတွေပေါ့။ အဲဒါကြောင့် အခုကိုဗစ်က အသက် အပိုင်းအခြားလည်းမရှိဘူး။ ရောဂါအခံရှိတာ၊ မရှိတာကိုလည်း ခွဲခြားပြီးတော့ မြင်လို့မရတော့ဘူးဆိုတာ ကျွန်မတို့ နှလုံးသွင်းဖို့တော့ အင်မတန်မှ အရေးကြီးပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် နေထိုင်ကြသည့် ပြည်သူများ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ချမှတ်ထားလိုက်ပြီဖြစ်သည်။ အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များမှာ လှည်းကူးမြို့နယ်မှအပ ရန်ကုန်မြို့ပြ ဧရိယာတွင် တစ်ဆက်တစ်စပ်တည်း ရှိနေသော မြို့နယ်များဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ရုတ်တရက် အရှိန်အဟုန်မြင့်လာသည့် အခြေအနေတွင် လူဦးရေထူထပ်များပြားပြီး နေ့စဉ်အပြန်အလှန် ကူးသန်းသွားလာမှု များပြားလှသည့် မြို့နယ်များကို အသွားအလာ ကန့်သတ်မှု ပြုလုပ်ခြင်းမှာ ကူးစက်ရောဂါကို တားဆီးထိန်းချုပ်ရာတွင် မဖြစ်မနေ ပြုလုပ်ရမည့် ဆောင်ရွက်ချက်များမှ တစ်ခုပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်