Skip to main content

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အခမ်းအနား Virtual Event စနစ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၃

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အခမ်းအနားကို Virtual Event စနစ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။ ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်တို့က ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနား ကျင်းပရေးအတွက် ဆောင်ရွက် ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ကြပြီး တက်ရောက်လာသည့် ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကို Virtual Event စနစ်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

MOI