Skip to main content

Mar 04, 2021

မျက်မှောက်ကာလတွင် ကမ္ဘာမြေ၌ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေး အန္တရာယ်များ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ကျန်းမာရေးနှင့် လူမှုစီးပွား ထိခိုက်ပျက်စီးမှု အခြေအနေများ စသည့် ဖြစ်ပျက်ပြောင်းလဲနေသော အခြေအနေအမျိုးမျိုးတို့ကြောင့် ပြည်သူ များ ၏ လူမှုဘဝအခြေအနေများ ထိခိုက် နေရပါသည်။ ထိုအခြေအနေများကို မြန်မာနိုင်ငံ အနေဖြင့်လည်း ရှောင်ကွင်း ၍မရဘဲ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

(က) အရှေ့-အနောက် စီးပွားရေး လမ်းကြောင်းတစ်လျှောက်ရှိ နွမ်းပါးသူများနှင့် အမျိုးသမီးများ အတွက် စီးပွားရေးစွမ်းဆောင်နိုင်မှုမြှင့်တင်ရေးစီမံကိန်း (Economic Empowerment of the Poor and Women in the East West Economic Corridor Project) ကို ဂျပန်နိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးရန်ပုံငွေ (Japan Fund for Poverty Reduction-JFPR) ၏ ငွေကြေး ထောက်ပံ့မှုဖြင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank–ADB) မှတဆင့် အမေရိကန် ဒေါ်လာ (၃) သန်း ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank–ADB) တို့အကြား ၁၇-၅-၂၀၁၆ ရက်နေ့တွင် Grant Agreement (GA) ကို လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

၁။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ဟိုတယ်လုပ်ငန်းလိုင်စင်၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များထုတ်ပေးထားမှုမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

၁။ Enchanting Myanmar Health and Safety Protocol အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ (က) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID - 19 ကာလအတွင်းနှင့် အလွန်ကာလ များတွင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးလာရန်နှင့် ဦးမော့လာစေရေးအ တွက် ခရီးသွားဧည့်သည်များအား ခရီးစဉ်များစီစဉ်ဆောင်ရွက်ပေးခြင်း၊ ဧည့်လမ်းညွှန် ဝန်ဆောင်မှုပေးခြင်း၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးခြင်းစသည့် လုပ်ငန်း များဆောင်ရွက်ရာ၌ သက်ဆိုင်ရာလုပ်ငန်းခွင်များအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအတွက် ကျန်းမာရေးနှင့်ဘေး အန္တရာယ်ကင်းရှင်းစွာတည်းခိုနေထိုင်နိုင်သည့်ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ စားသောက် ဆိုင်များအဖြစ် စနစ်တကျသတ်မှတ်ပေးနိုင်ရန်၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် များအတွက်ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းစသည့်ဝန်ဆောင်မှုပေးနိုင်သောခရီး စဉ်ဒေသများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ ခရီးသွားကုမ္ပဏီများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အား COVID-19 Safe Services အသိအမှတ်ပြုတံဆိပ်များ စနစ်တကျသတ်မှတ်ပေးအပ် နိုင်ရန်၊ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမှ တစ်ဆင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းပုံရိပ်ကိုမြှင့်တင်ပေးရန်ရည်ရွယ်၍ “Enchanting Myanmar Health and Safety Protocol” အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအ စဉ်ကို ရေးဆွဲ ပြုစုခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

၁။ ခရီးသွားမြှင့်တင်ရေးဌာနခွဲသည် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက်မြှင့်တင်ရေးလုပ်ငန်းများဖြစ်သောခရီးစဉ်ဒေသများမြှင့်တင်ကြော်ငြာခြင်း၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊ လုပ်ငန်းဆက်စပ်လျက်ရှိသည့် ပြည်တွင်း ဌာနဆိုင်ရာများ၊ အိမ်နီးချင်းနိုင်ငံများရှိ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ကမ္ဘာ့ခရီးသွားလုပ် ငန်း အဖွဲ့ချုပ်နှင့်နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းအဖွဲ့တို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်သွယ်၍ ဟိုတယ်နှင့်ခရီး သွားလာရေးဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

- ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊ ခရီးသွားလုပ်ငန်းဆောင်ရွက်သူနှင့် ခရီးသည်တို့၏အခွင့်အရေးကို ကာကွယ် ပေးရန်နှင့် ယင်းတို့၏ တာဝန်ဝတ္တရားများကို သိရှိလိုက်နာစေရန်၊ တာဝန်ယူမှုရှိသော ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး သဘာဝ အခြေခံခရီးသွားလုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူ ဖြစ်စေရန် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၁/၂၀၂၀)၏ သဘောတူညီချက်ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ၁၇-၁၁-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၂၀ ဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2021

(၂၀၂၁ ခုနှစ်၊ မတ်လ (၃)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပါသည်။

ဆက်လက်ဖတ်ရှုရန်