Skip to main content

Feb 10, 2021

(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အင်းဝဘဏ် လီမိတက် မြို့သာ ဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဘဏ်ခွဲပရဝဏ်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာဆုပေးအပ်ပွဲကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ယနေ့တွင် ကျင်းပကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Feb 10, 2021

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှစ၍နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာပြီးနောက် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများတွင် ဆူပူ ဆန္ဒပြမှုများဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ ကို ထုတ်ပြန်၍ လူ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်း မပြုရန် တားမြစ်ချက်များ ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2021

ကိုဗစ် - ၁၇ ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဖူးမြော်ခွင့် ယာယီရပ်ဆိုင်းထားရှိသည့် နိုင်ငံတစ်ဝန်းမှ ဘုရား၊ စေတီပုထိုးများကို ကိုဗစ် -၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုတရားဘာဝနာ ပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ ဖူးမြော်ခွင့်ပြုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2021

ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် တိုင်းစစ်ဌာနချုပ်များအလိုက် လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိ သူများသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ သပြေချောင်း ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘန္တနန္ဒဝံသ အမှူးပြု သောသံဃာတော်များအား ဖူးမြော်ကြည်ညို

ဆက်လက်ဖတ်ရှုရန်

Feb 10, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နှင့် ယနေ့တို့တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့် ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2021

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အပြည် ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ခေတ္တဒုတိယပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒ အား သွားရောက် ဖူးမျှော် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာ ရေးဆိုင်ရာ ကုသပေးရန် အခက်အခဲ များ ဖြစ်ပေါ်မှုများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြု စေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသ ရေး ဆေးရုံများဖွင့်လှစ်၍ တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များဖြင့် စုဖွဲ့ ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2021

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ တည်ထား ကိုးကွယ်မည့် နေပြည်တော်ကောင်စီနယ်မြေသို့ ဒုတိယ အကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် ဆီမီးခုံကျေးရွာ အနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်