Feb 08, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် စီမံခန့်ခွဲရေး အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။
Feb 08, 2021
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဒါရိုက်တာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း တက်ရောက်အမှာစကား ပြောကြားသည်။
Feb 08, 2021
ကုန်သွယ်ရေးဦးစီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ခန်းမ (၁) ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကား ပြောကြားသည်။
Feb 08, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက် (၅) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ လေးဆူဓါတ်ပုံရွှေတိဂုံ စေတီတော် အထက်ပစ္စယံ တနင်္ဂနွေထောင့်၌ ကျင်းပသည့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲ၊ ချမ်းသာကြီး တန်ဆောင်း၌ကျင်းပသည့် စေတီတော်မြတ်ကြီး ပြန်လည်ဖူးမြော် ကြည်ညိုပွဲမဟာ မင်္ဂလာအခမ်းအနားနှင့် အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲအခမ်းအနားတို့သို့ တက်ရောက်ဖူးမြော်ကြည်ညိုသည်။
Feb 08, 2021
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြား သည်။
Feb 08, 2021
မဟာမုနိဘုရားကြီး ဖူးမြော်ကြည်ညိုနိုင်ရေး ရဟန်းရှင်လူ ဘုရားဖူးပြည်သူများသို့ ပန်ကြားလွှာ
Feb 08, 2021
ရွှေတိဂုံစေတီတော်မြတ်ကြီး ဖူးမြော်ကြည်ညိုနိုင်ရေး ရဟန်းရှင်လူ ဘုရားဖူးပြည်သူများသို့ ပန်ကြားလွှာ
Feb 08, 2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (7-2-2021, 8:00 PM)
Feb 08, 2021
မြန်မာပြည်သူ ပြည်သားအများစုသည် နေ့ကြီးရက်ကြီးအခါကာလများတွင် သာမကနေ့စဉ်နေ့တိုင်းဘုရား၊ စေတီ၊ ပုထိုး၊ကျောင်းကန်များသို့သွားရောက်၍ ဘုရား၊ တရား၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ ကောင်းမှုများ တိုးပွားအောင် ပြုလေ့ရှိသည်။ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်သည် အရိပ်တကာအရိပ်တွင် အေးချမ်းဆုံး အရိပ်ဖြစ်သည်။
Feb 08, 2021
ကိုဗစ်-၁၉ ကပ်ရောဂါ ကာလရှည်ကြာမှုနှင့်အတူ စီးပွားရေးယန္တရားများ လေးလံတုံ့ဆိုင်းကျဆင်းသွားမှုက လူအမြောက်အမြားကို အလုပ်လက်မဲ့ဖြစ်စေသည့်အပြင် ဝင်ငွေနည်းလူတန်းစားနှင့် ဝင်ငွေပုံမှန်မရှိသူများကိုပါ ဘဝရပ်တည်ရေးခက်ခဲစေသည်။ ဆင်းရဲ တွင်းကိုပိုမို၍ နက်စေသည်။ ယင်းအခြေအနေက လူကုန်ကူး ဒုစရိုက် သမားများအတွက် အခွင့်အရေးတစ်ခုဖြစ်စေပြီး လူကုန်ကူးမှု ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများ လူကုန်ကူးခံရနိုင်သည့် အန္တရာယ်အလားအလာကို အထူးဂရုပြုရန်လိုအပ်သည်။