Feb 12, 2021
နေပြည်တော် ဖေဖော်ဝါရီ ၁၁ နိုင်ငံတော်တွင် လက်ရှိဖြစ်ပွားနေသော အခြေအနေများ အရ တပ်မတော်ဆေးရုံ အသီးသီး၌ လာရောက် ဆေးကုသမှုခံယူလျက်ရှိသော တပ်မတော်သားများ၊ တိုင်းရင်းသားပြည်သူများ၏ သွေးလိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင်၊ သွေးလှူရှင်များက စုပေါင်းသွေးလှူဒါန်းပေး လျက်ရှိသည်။ ။
Feb 12, 2021
ပြန်ကြားရေးဝန်ကြီးဌာနပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေး ဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Feb 12, 2021
သုတဝေသီရိဂေဟာ အသိပညာပေး အစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ်(၉)ကို ဖေဖော်ဝါရီ ၁၂ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
Feb 12, 2021
coVID-19 ရောဂါ ဖြစ်ပေါ်မှုအခြေအနေများကြောင့် ဖူးမြော်ခွင့် ယာယီရပ်ဆိုင်း ထားရှိသည့် နိုင်ငံတစ်ဝန်းမှ ဘုရား စေတီပုထိုးများကို COMID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုတရားဘာဝနာ ပွားများ နိုင်ရေးအတွက်
Feb 12, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူ လျင်မြန် ချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ကျင်းပသည်။
Feb 12, 2021
နေပြည်တော် ဖေဖော်ဝါရီ ၁၁
Feb 12, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
Feb 11, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ် အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ တပ်မတော်က ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသည်ကို သိရှိလာသဖြင့် ပြင်ပမှဆရာဝန် ၆ ဦးသည် ၎င်းတို့၏ သဘောဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
Feb 11, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ Serum Institute of India (SII) နှင့် စာချုပ် ချုပ်ဆို ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD/ Astrazeneca ကာကွယ်ဆေး အကြိမ်အရေအတွက် (၂)သန်းအား ၁၁-၂-၂၀၂၁ ရက်နေ့၊ နေ့လည်ပိုင်းတွင် နယူးဒေလီ-ရန်ကုန်ပြေးဆွဲသည့် အိန္ဒိယလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။