Jan 19, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Jan 19, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jan 19, 2025
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ကျုံစုတ်ကျေးရွာ လောကသရဖူသွန်းဘုရားကြီး၊ ရာပြည့်ဓနသိဒ္ဓိတန်ဆောင်းတော်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၇၅ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Jan 19, 2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ဆေးရုံများ၌လည်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိသည်။
Jan 19, 2025
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် တောင်လားကျေးရွာအုပ်စု မြင်းဒိုက်ကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဖောင်တော်ဦးကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Jan 19, 2025
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားရုံ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
Jan 19, 2025
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ (သဘောရေးဖြေ) ဖြေဆိုပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
Jan 19, 2025
စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ (၅၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို “ထရိုင်ခို ဒါးမားမှိုကို သီးနှံကာကွယ်ရေးတွင် အသုံးချခြင်း” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။
Jan 19, 2025
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(သန်လျင်) တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရေနံချောင်းတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူးနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ စွမ်းအင်ဆိုင်ရာအဖွဲ့အစည်း၊ ကုမ္ပဏီများမှ ပညာရှင်များအား ယနေ့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။
Jan 19, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက်မှာ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ လိုလားချက်မှာ အေးချမ်းသာယာဝပြောသည့် တိုင်းပြည်အတွင်း စားရေရိက္ခာများအတွက် မပူပင်ရဘဲ ဖူဖူလုံလုံလောက်လောက်ငငဖြင့် စားသောက်နေထိုင်နိုင်ရေးပင်ဖြစ်သည်။ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်၍ ရည်မှန်းချက်များအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။