Skip to main content

May 31, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2022

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Colombo Plan Staff College for Technician Education (CPSC)တို့ ပူးပေါင်း၍ In-Country Program on Developing Modern TVET Curriculum သင်ကြားရေး အစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2022

ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ (နိုင်ငံအဆင့်) (10th ASEAN Quiz -National Level) ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ ၃၄ ဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အထက-၁ (စမ်းချောင်း)၌ ရေးဖြေစာမေးပွဲဖြေဆိုခြင်းနှင့် မွန်းလွဲပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2022

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2022

နိုင်ငံတော်မှ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အလေးပေးဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးသမားများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းဆောင်ရွက်လျက်ရှိရာ ရေထွက်ကုန်တင်ပို့မှုတွင် ရခိုင်ပြည်နယ် နယ်စပ်ဂိတ်မှ ဘင်္ဂလားဒေ့ရှ်သို့တစ်လလျှင် ရေထွက်ကုန်တန်ချိန် ၈၀၀ မှ ၁၀၀၀ ကျော်အထိ တင်ပို့လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2022

ဥပဒေရေးရာဝန်ကြီးဌာနသည် အသစ်ရွေးချယ် ခန့်ထားပြီးသော ဥပဒေအရာရှိ ၁၀၀ ကို လေ့ကျင့်သင်ကြားရန် “ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် ၁/၂၀၂၂ ” ကို မတ် ၂၉ ရက်မှ မေ ၃၁ အထိ ဖွင့်လှစ်ပို့ချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2022

ကမ္ဘာ့နိုင်ငံများအားလုံးသည် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ပြီး အစဉ်အဆက် တိုက်ဖျက်လာခဲ့ကြသည်။ မူးယစ်ဆေးဝါးကို အလေးထားတိုက်ဖျက်ကြသော်လည်း ယနေ့ထက်တိုင် ကြီးထွားနေဆဲဖြစ်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာသည် လူမှုဘဝနှင့်ပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အခြေအနေမှ နောက်ပိုင်းတွင် နိုင်ငံအဆင့် ကျယ်ပြန့်သည့် အန္တရာယ်များအထိ ဖြစ်လာသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2022

အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားရာ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် မေလ ၃၀ ရက်နေ့အထိ ကျောင်းအပ်နှံသူပေါင်း ၄၉ သိန်းခန့် ရှိပြီဖြစ်သည်။ ကျောင်းနေအရွယ်ကလေးများ၊ လူငယ်များအဖို့ ပညာရေးဟူသည် ရပ်တန့်ထားရကောင်းသည့် အရာမဟုတ်သည့် အလျောက်စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရန် နိုင်ငံတော် အစိုးရ၊ မိဘ၊ ဆရာ၊ ကျောင်းသားတို့ လေးဦးလေးဖလှယ် ကြိုးစားကြရသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2022

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေး၊

ဆက်လက်ဖတ်ရှုရန်

May 30, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်ကမ်းနံဘေးရှိ မကျီးချောင်းဝ၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မန်ကျီးချောင်းဝ၏ အနောက်ဘက်နတ်မြစ်အတွင်း စက်လှေ ၁ စီးမျောပါနေကြောင်း တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၆၅ ပေ၊ အနံ ၁၇ ပေရှိ လှိုင်ထက်စံအမည်ရှိ ကုန်တင်စက်လှေဖြစ်ကြောင်းသိရှိရပြီး လှေ၏ ဦးပိုင်းမှရေဝင်၍ နစ်မြုပ်လျက်ရှိသဖြင့် စက်လှေပေါ်ရှိ လှေပိုင်ရှင်အပါအဝင် အမျိုးသား ၆ ဦးကို ကူညီ ကယ်ဆယ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်