နေပြည်တော် မေ ၃၀
ဥပဒေရေးရာဝန်ကြီးဌာနသည် အသစ်ရွေးချယ် ခန့်ထားပြီးသော ဥပဒေအရာရှိ ၁၀၀ ကို လေ့ကျင့်သင်ကြားရန် “ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် ၁/၂၀၂၂ ” ကို မတ် ၂၉ ရက်မှ မေ ၃၁ အထိ ဖွင့်လှစ်ပို့ချလျက်ရှိသည်။
ယင်းသင်တန်းတွင် သင်တန်းသား ဥပဒေအရာရှိများကို သင်တန်းကာလ တစ်လျှောက် မှတ်သားနာယူ လေ့လာခဲ့ရသည်များ လက်တွေ့အသုံးချ ဆောင်ရွက်နိုင်စေရေးနှင့် တာဝန်ကျရာ ဥပဒေရုံးအသီးသီးတွင် နိုင်ငံတော်ဘက်မှ အမှုလိုက်ပါဆောင်ရွက်ခြင်းတာဝန်ကို လက်တွေ့ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးအတွက် သရုပ်ပြတရားခွင် (Moot Court) ကို အမှုလိုက်အတွေ့အကြုံများစွာရှိသည့် အရာရှိကြီးများကိုယ်တိုင် ပါဝင်ဦးဆောင်ပြီး လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်