Sep 13, 2020
၁။ (၁၂-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 13, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပမာဏများပြားသော မူးယစ်ဆေး ဝါးများဖမ်းဆီးရမိပြီး ပစ်ခတ်ဖမ်းဆီးရသည့် အခြေအနေများရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Sep 13, 2020
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၇ နာရီခွဲတွင် video conference ဖြင့် ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ် (အေအာရ်အက်ဖ်) ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ-ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
Sep 13, 2020
လူ့အခွင့်အရေးကို ချိုးဖောက်သည့် လူကုန်ကူးမှုပြဿနာသည် ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် ဖြစ်ပေါ်နေသောပြဿနာဖြစ်သည်။ လူအချင်းချင်း စာနာသနားခြင်းမရှိဘဲ လူကိုရောင်းကုန်အဖြစ် မတော်လောဘဖြင့် ကျူးလွန်သည့် ရာဇဝတ်မှုပြဿနာဖြစ်သည်။ မသိနားမလည်သော ပြည်သူ များ၊ အားနည်းချို့တဲ့သည့် လူများအား လိမ်ညာလှည့်ဖြား၍ လူမဆန်စွာ ပြုလုပ်မှုများကို ဝိုင်းဝန်းတိုက်ဖျက်ရမည်ဖြစ်သည်။
Sep 13, 2020
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ကမ္ဘာတစ်ခွင် လှည့်လည်ခြိမ်းခြောက်မှုက လူ့လောကတစ်ခုလုံးကို ကျန်းမာရေးသတိကြီးကြီး ထားမိသွားစေသည်။
Sep 12, 2020
၁။ (၁၂-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 12, 2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် (၄၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။
Sep 12, 2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
Sep 12, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၂) ဦးအား မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ (၁၄:၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။
Sep 12, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
Sep 12, 2020
ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကုသနေပြီး ရောဂါသက်သာပျောက်ကင်းသူ ၃၂ ဦးအား ယနေ့နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပေးခဲ့ကြောင်း သိရသည်။ “စက်တင်ဘာ ၈ ရက်မှယနေ့အထိ ဆေးရုံဆင်းခွင့်ရသူ ၃၇ ဦးအထိ ရှိပြီဖြစ်ပါတယ်။ သူတို့ဟာ ပိုးမတွေ့ နှစ်ကြိမ်ထွက်ထားသူတွေ ဖြစ်ပါတယ်။ သူတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်များအတိုင်း မိမိနေအိမ်မှာအသွားအလာကန့်သတ်နေထိုင်ရမှာ ဖြစ်တယ်။ နေအိမ်မှာ နေထိုင်စဉ် နှာခေါင်းစည်းကို အမြဲဝတ်ဆင်ထားရပါမယ်။ ကန့်သတ်ရက်ပြည့်ရင် ဆေးရုံကို နောက်တစ်ကြိမ် လာရောက် ဆေးစစ်မှုခံယူရပါမယ်” ဟု ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲလွင်မောင်က ပြောသည်။
Sep 12, 2020
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းဘိုးအောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 12, 2020
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၊ အတွဲ (၄၇)၊ အမှတ် (၉)ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
Sep 12, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Sep 12, 2020
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှု အရှိန်သည် တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်ကို အကြောင်းပြု၍ ပြည်သူတို့အကြား ကျန်းမာရေးအသိ၊ ကျန်းမာရေးဂရုစိုက်မှုတို့ ယခင်ကထက် များစွာပိုမိုနိုးကြားလာသူများရှိသလို ဥပဒေစည်းကမ်း များ၏ အရေးကြီးမှုကို ကောင်းစွာ သဘောမပေါက်ဘဲ ပေါ့ပေါ့ဆဆ သဘောထားနေကြသူများလည်း မနည်းလှသည်ကို သတိပြုမိပါသည်။
Sep 12, 2020
ကလေးသူငယ်များသည် အပြစ်ကင်းစင်သော လူမမည်အရွယ်များဖြစ်သည်။ မွေးဖွားစဉ်ကတည်းက စိုးရိမ်ထိတ်လန့်ကြောက်ရွံ့ တတ်ကြသည်။ မိခင် ရင်ခွင်အတွင်း နွေးထွေးစွာနေထိုင်တတ်ကြပြီး မိဘအုပ်ထိန်းသူတို့၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာကြသည်။ ကလေးသူငယ်များသည် မိဘ အုပ်ထိန်းသူများ၏ ရပ်တည်နေထိုင်ရာ လူမှုပတ်ဝန်းကျင် လုံခြုံစိတ်ချမှု၊ ပတ်ဝန်းကျင်၏ လူမှုစီးပွားဘဝနှင့် အသိဉာဏ်ပညာ မြင့်မားမှုတို့အပေါ် မူတည်၍ ကလေးသူငယ်များ၏ ဘဝများကို အဆုံးအဖြတ်ပေးနိုင်ပေသည်။
Sep 11, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ပုံမှန်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် Video Conferencing စနစ်ဖြင့် ပြုလုပ်သည်။
Sep 11, 2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တိုင်းဒေသကြီး/ ပြည်နယ်(၉)ခုရှိ မသန်စွမ်းသူများနှင့် ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Online စနစ်ဖြင့်ကျင်းပသည်။
Sep 11, 2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍ (၁၇)ကြိမ်မြောက် အမျိုးသားအဆင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Sep 11, 2020
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Protocol လက်မှတ်ရေးထိုး၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် လျက်ရှိသော လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှု (Lux Dev) သည် ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအမြန်ဆုံး ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် Myanmar Tourism Strategic Recovery Roadmap (MTSRR) ရေးဆွဲရေးကို အကောင်အထည် ဖော်လျက်ရှိရာ MTSRR ရေးဆွဲရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့၏ Myanmar Tourism Strategic Recovery Roadmap (MTSRR) ရေးဆွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် MTSRR (မူကြမ်း) အားရှင်းလင်း တင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာအစည်းအဝေး ခန်းမ၌ Social distancing စနစ်ဖြင့် ကျင်းပသည်။
