Skip to main content

စာပေဗိမာန်စာအုပ်ဆိုင်များတွင် စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

ရန်ကုန်၊ စက်တင်ဘာ ၁၁

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၊ အတွဲ (၄၇)၊ အမှတ် (၉)ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ဩဂဲနစ်အစားအစာနှင့် ကျန်းမာရေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ဩဂဲနစ်အစားအစာ၊ ဩဂဲနစ်အစားအစာနှင့်ကျန်းမာရေး၊ဩဂဲနစ်အစားအစာနှင့် စိုက်ပျိုးရေး၊ ဩဂဲနစ်သဘာဝနည်းဖြင့် စိုက်ပျိုးမွေးမြူ ရေး၊ သက်ရှည်ကျန်းမာလှပဖို့ ဩဂဲနစ်အစားအစာစားကြစို့။ ကဗျာကဏ္ဍတွင် စကားပြောပုံနည်းလမ်းစုံ၊ ပင်တိုင်စံမင်းသမီးလေး ရှုံလော့ (၅)၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အပြင်လူတစ်ယောက်အနေဖြင့် ကမကထအစပြုသူ၊ ရိုးရိုးကလေးပါ၊ လုပ်ငန်းကြန့်ကြာမှုများကို ဖယ်ရှားပါ။ အဖြည့်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် မတူကွဲပြားထူးခြားသော လေဆိပ်များ၊ ကိုဗစ်-၁၉၏ လုပ်ကြံဖန်တီးမှုသတင်းများ ဖော်ထုတ်ခြင်း၊ ကပ်ရောဂါအလွန် အလုပ်ခွင်အိုပယ်ဝါဒ ပိုဆိုးလာမလား၊ လူကုန်ကူးမှု ဆိုင်ရာကဏ္ဍတွင် ယုံစားမိခြင်း၏ နောက်ကွယ်၊ ကလေးအလုပ်သမားဆိုင်ရာကဏ္ဍတွင် ကလေးအလုပ်သမားအရေး ဝိုင်းဝန်းဆောင်ရွက်ပေး၊ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် လင်းနို့နဲ့သူ့အစာတို့ အားပြိုင်ပွဲ၊ ခြိမ်း ခြောက်ခြင်းခံနေရသော မျိုးစိတ်များ၊ ကမ္ဘာ့ရာသီဥတုဆိုင်ရာလူငယ်များ လှုပ်ရှားမှု၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍတွင် နျူကလီးယားနှင့် ဓာတုလက်နက်များ၏ အဖျက်စွမ်းအား၊ လပေါ်တွင် ရှူမည့်လေ သောက်မည့်ရေ။ အဏုမြူဗုံးနောက်ကွယ်မှ လျှို့ဝှက်မြို့များ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် တီဘီရောဂါအကြောင်း သိကောင်းစရာ ဆန်းသစ်ဖွေရှာ ဆေးပညာ(၂၂၅)၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ကြပါစို့။ သကြားချိုကို သတိပိုမို၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် စစ်ဂယက် တဒင်္ဂ၊ တန်းကြိုးပေါ်က ဘဝများ၊ ဝတ္ထုတိုကဏ္ဍတွင် စာဖတ်မြတ်နိုးရေး၊ ပြန်တွေးခြင်း အနုပညာ၊ အထွေထွေ ကဏ္ဍတွင် သတင်းအမှန် ပဲ့တင်သံ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ကျပ် နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ်(တ-၅၅)၊ သပြေ ကုန်းဈေး၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေ ဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆လမ်း၊ ၂၁လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂- ၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

သတင်းစဉ်