နေပြည်တော် စက်တင်ဘာ ၁၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ မြို့မနှစ်ခြင်း၊ လော်ဝေါ်နှစ်ခြင်း၊ မူရင်း နှစ်ခြင်း၊ လော်ဝေါ်အေဂျီ၊ လီဆူနှစ်ခြင်း၊ မဒိန် KBC ၊ ခတ်ချို အလယ်ပိုင်း (ကွက်သစ်)၊ နောင်ဟီး၊ မိုင်းနားကက်သလစ်၊ မိုင်းနား(အေဂျီ)၊ မိုင်းနား(လဝမ်)၊ မိုင်းနားဇုံနယ် (ဖွံ့ဖြိုးရေးခြံ)၊ ပူတာအိုမြို့နယ်ရှိ ဒုတ္ထန်ရပ်ကွက်နှင့် လုံးစွတ်ရပ်ကွက် IDP စခန်း (၁၄)ခုသို့ သွားရောက်၍ ထုံးအိတ် (၁၄၀) နှင့် ဆပ်ပြာ(၅,၀၆၄)ခဲတို့ကို လည်းကောင်း။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စေတီတောင်နှင့် ဖုံညိုလိပ် ယာယီတိုက်ပွဲရှောင် နေရာ(၂)နေရာသို့ ထုံးအိတ် (၂၀) တို့ကိုလည်းကောင်း။
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ဂျော်(၁)၊ ဂျော်(၂)၊ စိန့်သောမတ်၊ ပန်လုံ၊ နေဝန်းနီ၊ မိုင်းဝီနှင့် ကွတ်ခိုင်မြို့နယ်ရှိ (၅)ရပ်ကွက်နှစ်ခြင်းအသင်းတော်ရုံးနှင့် (၆)ရပ်ကွက်မူကြိုကျောင်း စုစုပေါင်း IDP စခန်း(၈)ခုသို့ ထုံးအိတ်(၈၀)နှင့် ဆပ်ပြာ(၂၃၃၈)ခဲတို့ကိုလည်းကောင်း ထောက်ပံ့ခဲ့သည်။
အလားတူ စက်တင်ဘာ ၁၀ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ မံစီနှစ်ခြင်း၊ မိုင်းခေါင် နှစ်ခြင်းနှင့် မိုင်းခေါင် ကက်သလစ် IDP စခန်း (၃)ခုနှင့် မိုးကောင်းမြို့နယ်ရှိ ကံလှဧမာနွေလ ယာယီ တိုက်ပွဲရှောင်နေရာများသို့ သွားရောက်၍ ထုံးအိတ်(၄၀)နှင့် ဆပ်ပြာ(၃၁၁၈)ခဲတို့ကို လည်းကောင်း။
စက်တင်ဘာ ၉ ရက်က မြစ်ကြီးနားမြို့နယ်ရှိ တပ်ကုန်းနှစ်ခြင်း၊ တပ်ကုန်းအင်ဂျန်ဒုံ၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းဧမာနွေလ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တပ်ကုန်းရာဒါကောင်းဘီ COC ၊ ဒူကတောင်နယ်မြေ(၄)၊ ဒူကတောင်နယ်မြေ(၅)၊ ဒူကတောင်နယ်မြေ(၁၄)၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင်၊ လယ်ကုန်းမလိယန်၊ စီတာပူဆွတ်ငိုင်တောင်၊ စီတာပူသီတာအေးနှစ်ခြင်း၊ မြို့သစ်ကြီးဂျန်မိုင်ကောင်းနှစ်ခြင်း၊ မြို့သစ်ကြီးဂျန်မိုင်ကောင်းအာရ်စီ၊ မန်ခိန်နှစ်ခြင်း၊ ရွှေစက် နှစ်ခြင်း၊ မော်ဖောင်းခါနန်နှစ်ခြင်း၊ မော်ဖောင်းလော်ဝေါ်နှစ်ခြင်း၊ နန်းကွေ့စိန်ယောဟန်၊ ပလန ကက်သလစ်လူငယ်ဗဟိုကျောင်း၊ ဗန်းမော်မြို့နယ်ရှိ လီဆူနှစ်ခြင်းဘော်ဒါ၊ နှစ်-၂၀၀၀(အာရ်စီ)၊ ရောဘတ်ကျောင်း၊ ထွယ်ဆန်ကျောင်း၊ နှစ်ခြင်း(မူရင်း)နှင့် ဖန်းခါးကုန်း IDP စခန်း (၂၈)ခုနှင့် မြစ်ကြီးနားမြို့နယ်ရှိ နောင်နန်းတြီနီတီ၊ နောင်နန်းဂျော်မဆပ်နှင့် ဆဒုံးယာယီ တိုက်ပွဲရှောင် နေရာ(၃)ခုသို့ သွားရောက်၍ ထုံးအိတ်(၃၁၀)နှင့် ဆပ်ပြာ(၁၇၁၉၈)ခဲတို့ကို ထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှု လုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)