Skip to main content

Mar 26, 2021

နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ သည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန် ရာနှုန်း(၆၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၃-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

မြို့နယ်အချို့၌ ရဲစခန်းများအား ဆူပူအကြမ်းဖက်သူ လူအုပ်စုများမှ လက်လုပ်မိုင်း၊ ဓာတ်ဆီပုလင်းများဖြင့် အကြောင်းမဲ့ ရန်ပြုပစ်ခတ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ မတ် ၂၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် လှိုင်မြို့နယ်၊ အမှတ်

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူဆန္ဒပြမှုတွင် ပါဝင်သူများအား အင်းစိန်ဗဟို အကျဉ်းထောင်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)အရ ထိန်းသိမ်းထားခဲ့ရာမှ ယနေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ (၁၆)ကြိမ် မြောက် ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီက နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရင်ပြင်တော် ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းအား ပဉ္စမအကြိမ် ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒဏ္ခိသီရိမြို့နယ်ရှိ ဗုဒ္ဓဉယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာမဏ္ဏပ်၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံက Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးကို နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

US Treasury - အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

၂၀၂၁ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

ဒေသအချို့တွင် ဆူပူအကြမ်း ဖက်မှုလုပ်ရပ်များ၌ အသုံးပြုမည့် လက်နက်၊ ပစ္စည်း ကိရိယာများ၊ နှင့် လက်ဝယ်ထားရှိသူများကို ဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်ကိရိယာများကို လက်ဝယ် ထားရှိသူများနှင့်အတူဆက်လက်ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ်၌ ဆူပူအကြမ်းဖက် သူ လူစုလူဝေးအား ဖြိုခွဲစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သူ အမျိုး သား တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

ခင်ဦးမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ လူစုလူဝေးဖြစ်ပွားမှုကို ဖြိုခွဲထိန်းသိမ်းစဉ် သေဆုံး ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ပုလောမြို့နယ်များရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးပြီး အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူများကို တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့်ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက် နေ့လည် ၁၂ နာရီခွဲအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၅၄ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ Denko စက်သုံးဆီအရောင်းဆိုင်အား မျက်နှာဖုံးများစွပ်ထားပြီး အနက်ရောင်များ ဝတ်ဆင်ထားသည့် အကြမ်းဖက်လူအုပ်စုအင်အား ၈ ဦး(စိစစ်ဆဲ)တို့သည် ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအား ဆဲဆိုခြိမ်းခြောက်ကာ ၎င်းတို့ထံတွင် အသင့်ပါလာသော ရဲဒင်း၊ တုတ်များဖြင့် ဆီပန့်ကောင်တာနှင့် ငွေစာရင်းကောင်တာများအား အကြောင်းမဲ့ရိုက်ချိုးဖျက်ဆီးသွားခဲ့သဖြင့် ဆီပန့်ကောင်တာ ၅ လုံး နှင့် ငွေစာရင်းကောင်တာ ၁ လုံး တို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

ယမန်နေ့မှ အဆက် ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး အပိုင်း ၃ ပိုင်းခွဲ၍ ရှင်းလင်း တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ယင်းတို့မှာ (က) မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းအပိုင်း၊ (ခ) ဆန္ဒမဲလက်မှတ်များ မြေပြင် ကွင်းဆင်းစစ် ဆေးခြင်းအပိုင်းနှင့်(ဂ) မဲမသမာမှုဖြစ်စဉ်များ အပါအဝင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် များနှင့် စပ်လျဉ်း၍ Video Clips များဖြင့် ရှင်းလင်းတင်ပြခြင်းတို့ ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

ရန်ကုန်မြို့ရှိ မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများ ပြေးဆွဲခြင်း ဒုတိယနေ့ခရီးစဉ်အဖြစ် ယနေ့တွင် အင်းစိန်ဘူတာမှ လူစီးတွဲ (၃)တွဲပါ RBE ရထားတွဲဆိုင်းကို လက်ဝဲရစ် လမ်းကြောင်းအတိုင်း နံနက် ၈ နာရီ ၃၅ မိနစ်မှ စတင်ထွက်ခွာပြီး ဘူတာစဉ်ဖြတ်သန်း မောင်းနှင်၍ ရန်ကုန်ဘူတာကြီးသို့ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2021

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန် နိုးကြားမှုမြှင့်တင်ခြင်း စီမံကိန်း FARM project on 3221:09: အဆင့်စီမံကိန်း ဦးဆောင် ကော်မတီ (NPSC) ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်