Skip to main content

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၇,၂၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၇,၂၅၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီတွင် ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ ပင်လောင်း-နေပြည်တော် သွားကားလမ်း၊ လိန်းလီကြိုးတံတားအနီးတွင် ပင်လောင်းမှ ပေါင်းလောင်းသို့ မောင်ဝမ်း(ခ)တဝမ်း(၂၈)နှစ် မောင်းနှင်ပြီး ခွန်ထွန်းလှိုင်(၂၉)နှစ်၊ စိုင်းကျော်ရင် (၂၆) နှစ်တို့လိုက်ပါလာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇,၂၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၄ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် (တောင်ပိုင်း) မှ မွန်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)