Skip to main content

Apr 09, 2021

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ASEAN-UK Open-Ended Troika Dialogue သို့ နိုင်ငံခြားရေးဝန် ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တပ်နယ်အားကစားခန်းမ၌ တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၇ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ အဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကိုဗစ် - ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ဥပဒေ (မူကြမ်း)အား အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

စားနပ်ရိက္ခာနှင့် အာဟာရဓါတ်ဖူလုံပြည့်ဝရေး ကျွမ်းကျင်ရာ စိုက်ပျိုးရေးသုတေသန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ ဌာနများမှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရေနံဓာတုဗေဒ စက်ရုံစု(သံပရာကန်)၊ ထောက်ရှာပင်/ကမ်းနီရေနံမြေ၊ မန်းရေနံမြေနှင့် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင်တို့သည် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်၊ ကျော်လွန်ဆောင်ရွက်ချက်များအား အရေးယူပေးပါရန် တိုင်ကြားစာအရ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

(၇-၄-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၈-၄-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၁,၇၅၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၄၉,၆၀၇) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၅၅၈) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော် လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၊ ဓမ္မဝိဇိတဗိမာန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ကြီးက ကျောင်းပိုင်းဆိုင်ရာ အချက်အလက်များ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အသင့်ဖြစ်စေနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို အသေးစိတ် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်တွင် ဆူပူအကြမ်းဖက်သူများက ယနေ့ နံနက် ၅ နာရီခွဲခန့်မှစ၍ အတားအဆီးများဖြင့် လမ်းအား ပိတ်ဆို့ထားရှိကြောင်း သိရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများအား သွားရောက်ဖယ်ရှားရှင်းလင်း ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက် အဆောက်အဦ (ပန္နက်တင်မင်္ဂလာ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

စစ်တီးဝိုင်းအဖွဲ့သားများ တီးခတ်လိုက်သည့် စစ်ချီသီချင်းသံက ကောင်းကင်ယံသို့ ပျံ့လွင့်လျက်ရှိသည်။ အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းကြီးများက စစ်ရေးပြကွင်းအတွင်းသို့ အစဉ်လိုက်ဝင်ရောက်နေရာယူကြသည်။ အစဉ်အလာကြီးမားသည့် တပ်မတော်အတွက် သမိုင်းဝင် အထိမ်းအမှတ် (၇၆) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမြင်ကွင်းမှာ ပြည်သူတစ်ဦးအနေဖြင့် မမေ့ပျောက်နိုင်မည့် ဂုဏ်ယူဖွယ်ရာ မြင်ကွင်းတစ်ရပ်ပင် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2021

၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နေ့လည် ၁၂ ခွဲအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးသည် အကျဉ်းဦးစီးဌာနသို့ လိုအပ်သော ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ ပို့ဆောင်ရေးအတွက် ဒသမ ၃၈ ခြောက်လုံးပြူး ၁ လက်၊ Icon စကားပြောဆက်သွယ်ရေးစက် ၁ လုံးအား အိတ်အတွင်းထည့်ကာ အရပ်ဝတ်ဝတ်ဆင်၍ ၎င်းပိုင်ဆိုင်ကယ်ဖြင့် ရဲစခန်းမှ ၁၄ လမ်းနှင့် ၈၇ x ၈၈ လမ်းအကြား ကမ်းနားလမ်းအတိုင်း တစ်ဦးတည်း ထွက်ခွာသွားခဲ့ရာ အောင်မြေသာစံမြို့နယ်၊ (၁၄)လမ်းထိပ်၊ နှင်းဆီအိမ်ရာသို့အရောက်တွင် လူစုလူဝေးအင်အား ၂၀၀ ဦးခန့်ပါဝင်သည့် လူအုပ်စုမှ တားဆီးသဖြင့် ဆိုင်ကယ်အား နောက်သို့ပြန်လှည့်မောင်းနှင်စဉ် ဆိုင်ကယ်လဲကျခဲ့ပြီး ဆူပူသူလူအုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရကာ တာယာကွင်းများဖြင့်စွပ်၍ အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2021

၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ဆူပူအကြမ်းဖက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွဲထိန်းသိမ်းစဉ် ဆူပူအကြမ်းဖက် သူများ အတွင်းမှ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်