Mar 27, 2021
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင် သည် မတ်၂၅ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ရှိ အမှတ်(၁၀)အထည်စက်ရုံသို့ ရောက်ရှိပြီး မိမိထုတ်ကုန်ပစ္စည်းအား ဈေးကွက်ရှိ ပစ္စည်းများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရေး ဆောင်ရွက်ရန်၊ ကုန်ချောလက်ကျန်များ ကုန်စင်အောင် ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံရှိ ကုန်ကြမ်းများ ကို မိမိတို့ဌာနအတွင်းရှိ စက်ရုံများတွင် ပြန်လည်အသုံးပြုနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် စက်ရုံရေရှည်ရပ်တည် လည်ပတ်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။
Mar 27, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၁ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူ သိမ်တော်ကြီး၌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ကျင်းပသည်။
Mar 27, 2021
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြသည်။
Mar 27, 2021
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၀၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 27, 2021
ရွှေတိဂုံစေတီတော် (၂၆၀၉) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အသံမစဲ မဟာပဠာန်းရွတ်ဖတ် ပူဇော်ပွဲ ပိတ်ပွဲ (အောင်ပွဲ) အခမ်းအနားကို ယနေ့နံနက် (၆)နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
Mar 27, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 27, 2021
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲရှိ သဇင်တန်ပေါက် တံတားအနီး ချောင်းအတွင်း ဝါးဖောင်များဖြင့် စီးပွားဖြစ်မွေးမြူလျက်ရှိသော ကယုကမာ မွေးမြူရေးလုပ်ငန်းများမှာ လက်ရှိအချိန်တွင် အောင်မြင် ဖြစ်ထွန်းနေပြီး ပင်လယ်စာ ရေထွက်ကုန်ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးတင်ပို့ရောင်းချသွားနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
Mar 27, 2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာ ပင်တိုက်နယ် ဆေးရုံ၊ သပိတ်ကျင်း မြို့နယ် တကောင်းတိုက်နယ် ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ် မြို့နယ် ယင်းတော်တိုက်နယ် ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့ နယ် ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသ ကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံ နှင့် လက်ပံတန်းမြို့နယ် ပြည်သူ့ ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီ တောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေး အဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစား နေရသည့်ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် -ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများကို ဆက်လက်ဆောင် ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ် သော လူနာများအား ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေး ခဲ့သည်။
Mar 27, 2021
(၇၆)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း နေပြည်တော်၊ မတ် - ၂၆ ထိုသို့ သွေးလှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး
Mar 27, 2021
One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က ဖေဖော်ဝါရီ ၂၆ ရက်က UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့သည့် အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုကြောင်း မေးမြန်းသည်။
Mar 27, 2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် တောင်သူများ၏ လယ်ယာထွက်ကုန်၊ ထုတ်ကုန်များ ဈေးကွက်သို့ အချိန်မီလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများ ၊ ဖောက်လုပ်ပေးလျက်ရှိရာ မြိုင်ဇေယျာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။ “ယခု ဖောက်လုပ်ထားတဲ့ ကျေးလက်ကုန်ထုတ်လမ်းက အရင်က
Mar 27, 2021
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက လှိုင်သာယာနှင့် ရွှေပြည်သာ မြို့နယ်များရှိ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးဆောင်ရွက်နေ သည့် စည်ပင်သာယာရုံးဌာနများသို့ ကွင်းဆင်းသွား ရောက်၍ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် နိုင်ရေး မှာကြားသည်။
Mar 27, 2021
၂၀၂၁ ခုနှစ်မတ်လ၂၇ရက်နေ့၊ (တပေါင်းလပြည့်နေ့) တွင် ကျရောက်မည့် ကျေးဇူးရှင် အဘိဓဇ မဟာ ရဋ္ဌဂုရု၊ တွဲဖက် ရွှေကျင် သာသနာပိုင် သီတဂူ ဆရာတော်ကြီး၏ သက်တော် (၈၄) နှစ်ပြည့် မွေးနေ့မင်္ဂလာတွင် မြန်မာပြည်အနှံ့အပြားရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ခုနှစ်ခုမှ သံဃာတော် အပါး ၁၂၀၀ အား လှူဖွယ်ပစ္စည်းများ လှူဒါန်းမည် ဖြစ်ကြောင်း စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှ သိရသည်။
Mar 27, 2021
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားလွင်ကျေးရွာ၌ ရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် Shooping Method ဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ ယခုအခါလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။
Mar 27, 2021
နိုင်ငံတစ်ဝန်းရေကြောင်းဖြင့် ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုရန်ကုန်မြို့ ပို့ဆောင် မြန်မာ့ဆိပ်ကမ်း နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် အာဏာ ပိုင်ရုံးချုပ်၌ မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီတွင်
Mar 27, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပြည်သူ့ကောင်စီဥက္ကဋ္ဌနှင့် သမ္မတ၏ သတင်း ပြန်ကြားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr.Pavel GUSEVနှင့် ရုရှားနိုင်ငံမှ သတင်းဌာနများ အား နေပြည်တော်ရှိ ဆင်ဖြူတော် ဧည့်ရိပ်သာ၌ သီးခြားစီ လက်ခံတွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းချက်များကို ဖြေကြားခဲ့သည်။
Mar 27, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူ များအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံ များတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၉၇၉၅၂ ဦး၊ အတွင်းလူနာ ၄၁ဝ၁ ဦးကို တပ်မတော်မှ ပါရဂူများ၊
Mar 27, 2021
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မတ် ၂၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ mecool Kalaw Heritage Hotel & သွားရောက်ကာကျန်းမာရေး နှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ် စည်းမျဉ်းစည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့သည်။
Mar 27, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာ့တပ်မတော်၏ (၇၆)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ ပါဝင်တက်ရောက်မည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။