Skip to main content

ချင်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည် ကူညီ ပို့ဆောင်

နေပြည်တော်၊ အောက်တိုဘာ  ၂၈

   

ချင်းပြည်နယ်၊ ပလက်ဝမြို့၌ ယာယီနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ များ၏ နေရပ် ဖြစ်သော ကျေးရွာများ၌ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင် ပေးခြင်းနှင့် လုပ်ကိုင်စားသောက်ရန်လိုအပ်ချက်များ ပြန်လည်ဖြည့်ဆည်း ပေးခြင်းတို့ကို ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးဖြစ်ရာ အဆိုပါတိုက်ပွဲရှောင် ပြည်သူ များ၎င်းတို့၏ နေရပ်သို့ ပြန်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများက စက်လှေများ၊ မော်တော်ယာဉ်များဖြင့် အသီး သီးပို့ဆောင်ပေးလျက်ရှိသည်။

   

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တမန်းသားကျေးရွာ၊ ပလပ်ချောင်းဝကျေးရွာနှင့် အန်ခိုးဝကျေးရွာ တို့ရှိ တိုက်ပွဲရှောင်ပြည်သူ များအား လည်းကောင်း၊ အောက်တိုဘာ ၂၇ ရက်တွင် ဆီဖလောင်းကျေးရွာနှင့် အောင်မီးလက်ဝ ကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူများ အား လည်းကောင်း၊ ယနေ့တွင် စိမ့်စမ်းဝကျေးရွာနှင့် ငဗွီကျေးရွာတို့မှ တိုက်ပွဲရှောင် ပြည်သူများအား လည်းကောင်း နယ်မြေခံတပ်မတော်သား များက ၎င်းတို့၏နေရပ် အသီးသီးသို့ စက်လှေများ၊ မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင် ပေးသည်။ ထို့ပြင် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူများကိုလည်း ၎င်းတို့ ၏ နေရပ်အသီးသီးသို့ ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်