နေပြည်တော် အောက်တိုဘာ ၂၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂)ခုမှ ယာဉ်စီးရေ (၄) စီးဖြင့်၊ အောက်စီဂျင် (အရည်) Bowser ယာဉ် (၁) စီးဖြင့် တန် (၂၀) ၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် (Oxygen Generator) (၃)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) အခု (၂၀) နှင့် MasK (နှာခေါင်းစီး) (၆) တန်တို့ကို တင်သွင်းခဲ့ပြီး အောက်စီဂျင် (အရည်) Bowser ယာဉ်(၁)စီးမှာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။
(သတင်းစဉ်)