Skip to main content

Jun 29, 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခန်းမြို့နှင့် အနီးပတ်ဝန်းကျင်မှ ဒေသခံ တိုင်းရင်းသားပြည်သူများက ၎င်းတို့နယ်မြေအတွင်း SSPP/SSA(ဝမ်ဟိုင်း)အဖွဲ့အား မလိုလားကြောင်း ယနေ့နေ့လယ်ပိုင်းတွင် ငြိမ်းချမ်းစွာလှည့်လည်၍ ဆန္ဒထုတ်ဖော်စဉ် SSPP/SSA (ဝမ်ဟိုင်း)အဖွဲ့က လက်နက်ငယ်၊ လက်ပစ်ဗုံးတို့ဖြင့် လာရောက်ပစ်ခတ် ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မား ရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၀၀၅၇ ဦးနှင့် အတွင်းလူနာပေါင်း ၇၅၉၅၄ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံနှင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူ များကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီးဒေါ်အေးသဇင်မြင့်က MRTV မှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှု များကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါ သည်-

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးခဲ့သည့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာကို ကိုဗစ်-၁၉ ကုသရေး စင်တာဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

ရန်ကုန်တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ သိရှိနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေများအရ ဆန်စပါးစိုက်ပျိုးရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာ နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့် Myanmar - China (juangsu) Chamber of Commerce and Industry Incorporated တို့ပူးပေါင်းပြီး ရန်ကုန်တိုင်း ဒေသကြီး၏ ဆန်စပါးစိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီခွဲက ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် သမိုင်းလမ်းဆုံအနီး သမိုင်းချောင်းနှင့် အင်းစိန်လမ်းမြောင်းအတွင်းမှ နုန်းနှင့်အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ အစိုးရ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မော်လိုက်မြို့ မြို့တော်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရုံးအုပ်နှင့် ဌာနခွဲ စာရေးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

မျက်မှောက်ကာလ၌ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကျော့ပြန် ကူးစက်မှုမြင့်တက်လာသည်ကို မြင်တွေ့နေရသည်။ ဥရောပနိုင်ငံများတွင် ကူးစက်မှု နေ့စဉ်မြင့်မားနေပြီး မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများတွင်လည်း ရောဂါကူးစက်မှုမြင့်မားနေသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်မှုမှာ ပြီးခဲ့သည့်မေလကုန်မှစ၍ တစ်နေ့ထက်တစ်နေ့ ကူးစက်မှုနှုန်း မြင့်မားနေပြီး လူသေဆုံးသူအရေအတွက်လည်း နေ့စဉ်တိုးနေသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့က ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၂ မျိုး စုစုပေါင်း တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်ဖိုးနှင့် ဆက်စပ်ပစ္စည်းပေါင်း အမျိုး၆၀တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံတစ်ဝန်းမှ တစ်နှစ်တာ ကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဆေးခြောက်၊ ကတ်တမင်း၊ ကဖင်း စသည်တို့ ပါဝင်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2021

အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန် ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2021

(၂၇-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၅၈၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၁,၂၂၅) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၇၁၈,၁၇၀) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၄,၃၈၅) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2021

စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2021

လုပ်ငန်းသုံးယာဉ်အုပ်စုတွင် ပါဝင်ပြီးအထူးတည်ဆောက်ထားသည့် Special Purpose Vehicle ယာဉ်များ တင်သွင်းမှုနှင့် သက်ဆိုင်သော မူဝါဒလုပ်ထုံး လုပ်နည်းများ ညှိနှိုင်းအစည်း အဝေးနှင့် နယ်စပ်ကုန်သွယ်ရေးအသင်းများနှင့် ကုန်သွယ်မှုကိစ္စရပ်များ ဆွေးနွေးခြင်း အစည်း အဝေးများတို့ကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်