Skip to main content

ကျောက်ဖြူမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်   ဇန်နဝါရီ  ၁ဝ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာတွင် နေထိုင်သည့် စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက ကျောက်ဖြူ တပ်နယ်ခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးကအမှာစကား ပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက အဆင့်မြင့် စစ်မှူထမ်း ဟောင်းအိမ်ရာသို့ သွား​ရောက်ကြည့်ရှုပြီး မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြေားင်းသတင်းရရှိသည်။

သတင်းစဉ်