Skip to main content

အားကစားလောက ပိုမိုတိုးတက်စေရန်နှင့် နိုင်ငံ့ဂုဏ်သိက္ခာတောက်ပအောင် ကြိုးပမ်းဆောင်ရွက်ကြရန် ပေးအပ်ထားသည့် တာဝန်ဝတ္တရား များကိုကျေပွန်အောင် ကြိုးပမ်းအားထုတ်

နေပြည်တော်   ဇန်နဝါရီ   ၁၀

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ကြိုးပမ်းအားထုတ်

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အားကစားလောက ပိုမိုတိုးတက်စေရန်နှင့် နိုင်ငံ့ဂုဏ်သိက္ခာ တောက်ပအောင် ကြိုးပမ်းဆောင်ရွက်ကြ ရန်ပေးအပ်ထားသည့်တာဝန်ဝတ္တရားများကို ကျေပွန်အောင် ကြိုးပမ်းအားထုတ် သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအား ကျောသား ရင်သားမခွဲခြားဘဲ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများ ပါတီ နိုင်ငံရေးကင်းရှင်းရန် လိုအပ်ကြောင်း၊ တိုင်းပြည်အတွက်၊ နိုင်ငံအတွက် ဂုဏ်ယူအားထား နိုင်မည့်သူများဖြစ်အောင်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သူများ ဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ မိမိ တို့၏ သားသမီးများ လမ်းမှန်ရောက်အောင်၊ အမှားအမှန် ခွဲခြား နိုင်အောင် စနစ်တကျ ပျိုးထောင်ထိန်းသိမ်း စောင့်ရှောက်ကြရန်လိုကြောင်း၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့်ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အားကစား လှုပ်ရှားမှုများ ပြခန်းပြင်ဆင် ထားရှိမှုများကို ကြည့်ရှုပြီး လူငယ်နှင့် စာပေပွဲတော်သို့ လာရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများပြခန်းသို့ ဝင်ရောက်လေ့လာ မည့်အစီအစဉ်ပါရှိသဖြင့်ရှင်းလင်း ပြသမည့် အစီအစဉ်များနှင့် လိုအပ်သည်များကို ကြိုတင်စီစဉ်ဆောင်ရွက်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်