ရန်ကုန် ဇန်နဝါရီ ၁၀
၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းနှင့် ရိုးရာဝိုင်းဖွဲ့ ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီလေတပ်စခန်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ကာကွယ်ရေး ဦးစီးချုပ်(လေ) ကိုယ်စား ဗိုလ်ချုပ်လှညွှန့်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ ခြင်းလုံးအလှပြကစားမှုနှင့် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပိုက်ကျော်ခြင်းနှင့် ရိုးရာဝိုင်းဖွဲ့ခြင်းလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၀)သင်းဖြင့် ဇန်နဝါရီ(၁၃)အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်