ပဲခူး ဇန်နဝါရီ ၁၀
ပဲခူးခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့တော်ခန်းမ၌ ကျင်းပသည်။
အားကြိုးမာန်တက်ဆောင်ရွက်
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံနှင့် အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ ၁၅၉၅၇၆ ဦး ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ ယခုအခါ ပဲခူးခရိုင်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ နိုင်ငံသားတစ်ယောက်၏ လူမှုဘဝ လုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအား တစ်ယောက်မကျန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရမည်ဆိုသည့် ခံယူချက်ဖြင့် ဝန်ထမ်းများအားလုံး အားကြိုးမာန်တက် တက်ညီလက်ညီ ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားတွင် ပြသထားသည့် ပန်းခင်း စီမံချက်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ကြသည်။
ပဲခူးခရိုင်အတွင်း မြို့နယ်ရှစ်မြို့နယ်၊ ရပ်ကွက် ၁၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၄၄ အုပ်စု၊ ကျေးရွာ ၁၃၄၄ ရွာဖြင့် ဖွဲ့စည်း ထားရှိပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရန် လူဦးရေ ၅၀၉၀၆ ဦး ဖြစ်သော်လည်း လူဦးရေ ၅၁၇၀၀ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ပြီးစီးမှု ၁၀၄ ဒသမ ၂၂ ရာခိုင်နှုန်းဖြစ်ပြီး သတ်မှတ် ကာလထက် ကိုးလပိုမိုစောပြီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်