နေပြည်တော် ဇန်နဝါရီ ၂၇
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် ရှမ်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ မူဆယ်မြို့နယ်၊ တိန်းလုံကျေး ရွာ၊ကူးတို့ဆပ်အနီး ကွင်းပြင်တွင် Ethanol ဟု ယူဆရသော လီတာ (၂၀) ခန့်စီပါ ပလပ်စတစ်ပုံး (၂၉၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၄၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ မြောက်ပိုင်းခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှော်ကားသဘာဝဥယျာဉ်အတွင်း အုံတုံခေါက်(အစို) ပိဿာ (၉၀) နှင့် ဇန်နဝါ ရီ ၂၆ ရက်တွင် လှည်းကူးမြို့နယ်၊ ငမိုးရိပ်ချောင်းကူး တံတားပေါ်၌ TOYOTA Super Custom ယာဉ်(၁)စီး ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၁ ဒသမ ၅၄၁၆)တန်၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၅,၆၃၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇန်နဝါရီ ၂၆ ရက်တွင် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သော တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာ တမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ရသေ့တံဆိပ် ထိုင်းတိုင်းရင်းဆေးအရည် (၁၀၁)ဖာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၄၅၄,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မွန်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေး ကားလမ်းအနီးတွင် ကုန်တင်ယာဉ် (၂)စီးပေါ်မှ ပိတောက်ခွဲသား ဆိုဒ်စုံ(၂၉ ဒသမ ၁၃၇၂)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၇၄၁,၁၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူပင် ဇန်နဝါရီ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် သစ် တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ (၁၅ ဒသမ ၈၁၆၂)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၈၇၁,၈၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၉၃၂,၆၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။
(သတင်းစဉ်)