ဒေါက်တာ ဉာဏ်ဝင်းသန်း
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ပူးပေါင်း၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကြီး၌ ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပတော့ မည်ဖြစ်သည်။
ထို့ကြောင့် လူငယ်နှင့်စာပေပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ဝန်ကြီးဌာနများမှ တာဝန်ယူပြသမည့် ကဏ္ဍအလိုက်ပြခန်းများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ပြခန်းတာဝန်ခံများနှင့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းထားမှုများကို ထုတ်နုတ်ဖော်ပြလိုက်ပါသည်။
ဦးဆန်းမြင့် (ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန)
ဒီပွဲတော်ကြီးမှာ ကျွန်တော်တို့ ဌာနအနေနဲ့ ပြခန်း(၁)ခန်း၊ ပြကွက်(၅)ခုကို ပြသထားပါတယ်။ ပင်လုံနဲ့ပတ်သက် တဲ့ အထောက်အထားပြကွက်၊ သမိုင်းဝင် စာချုပ်စာတမ်းပြကွက်၊ မော်ကွန်း အထောက်အထားပြကွက်၊ တန်ဖိုးရှိတဲ့ အထောက်အထားတွေနဲ့ ပတ်သက်ပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားတဲ့ ပြကွက်တွေကို ပြသထားပါ တယ်။ ဒီပွဲတော်က ပြည်ထောင်စုနေ့ အကြိုလုပ်တဲ့ ပွဲတော်ဖြစ်တဲ့အတွက် ပင်လုံနဲ့ပတ်သက်တဲ့ အဓိက အထောက် အထားတွေကို ပြသထားပါတယ်။ နောက်ပြီး မဟာဗန္ဓုလနဲ့ပတ်သက်တဲ့ ရှေးဟောင်း အထောက်အထားတစ်ခုကို လည်း ပြသသွားမှာဖြစ်ပါတယ်။
ပြသရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသား ကျောင်းသူတွေ၊ လူငယ် တွေအနေနဲ့ သမိုင်းဆိုင်ရာ အထောက် အထားတွေကို လက်တွေ့ မျက်မြင် ကိုယ်ကျ ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် လေ့လာမှတ်သားပြီး ဗဟုသုတတွေ တိုးပွားလာစေဖို့ဖြစ်ပါတယ်။ လူငယ်နှင့် စာပေပွဲတော်ကျင်းပခြင်းဟာ လူငယ် တွေအတွက် များစွာအကျိုး ရှိပါတယ်။ နောက်ပြီး ဒီသမိုင်းအထောက်အထား တွေကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဖို့ တာဝန်ရှိပါလားဆိုတာ ကိုလည်းလူငယ်တွေသိရှိနားလည်စေမှာ ဖြစ်ပါတယ်။
ဒေါက်တာသန်းနိုင်စိုး (ညွှန်ကြားရေးမှူး၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဦးစီးဌာန)
လူငယ်နှင့် စာပေပွဲတော်မှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လူငယ်တွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကင်းစင်ပြီး အန္တရာယ်ကင်းစွာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဆင်နွှဲနိုင်ဖို့ အဓိက ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်။ ပွဲတော်ကျင်းပနေတဲ့အချိန်မှာ ကျောင်းသားလူငယ်တွေ ကိုဗစ် -၁၉ နဲ့ ပတ်သက်တဲ့စည်းကမ်းတွေ၊ ကာကွယ် ရေးနည်းလမ်းတွေကို သိရှိပြီး လိုက်နာ သွားကြဖို့အတွက် ပြခန်းတွေကိုလည်း ထည့်သွင်းခင်းကျင်းပြသ ထားပါတယ်။ ဂိတ် အဝင်/ အထွက်တွေမှာ Thermal Scanner နဲ့ ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းအပြင် Social Zone မှာ Medical Cover ဆောင်ရွက်ဖို့ ဆေးခန်း တွေလည်း ဖွင့်ပေးထားပါတယ်။ ( အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်ခဲ့မယ် ဆိုရင် အချိန်မီ တုံ့ပြန်ဆောင်ရွက်ဖို့ အတွက် ဇဗ္ဗူသီရိဆေးရုံကို ကြို တင် ပြင်ဆင်ထားပါတယ်။
ကျောင်းသားလူငယ်တွေ စိတ်ပါ ဝင်စားမှုရှိနိုင်တဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုမြင်နေရတဲ့ အနေအထားနဲ့ မျက်လုံးရဲ့ နောက်မှာ အာရုံကြောတွေ ဘယ်လိုဖွဲ့စည်းထားတယ်၊ ခန္ဓာကိုယ် အတွင်းထဲမှာရှိတဲ့ အဆုတ်၊ အသည်းနဲ့ နှလုံးက ဘယ်လိုပုံစံရှိတယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဘယ်လိုအလုပ်လုပ် တယ်၊ ဂရုစိုက်ပြီး ဘယ်လိုစောင့်ရှောက် ဖို့လိုအပ်တယ် စတဲ့ ပုံစံတွေကို ခင်းကျင်း ပြသထားပါတယ်။ အထူးသဖြင့် ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေ ရဲ့ အန္တရာယ်တွေကိုလည်း ပြသထားပါ တယ်။ အရက်အန္တရာယ်ပြကွက်မှာဆိုရင် ပုံမှန်အသည်း၊ အရက်သောက်လို့ အသည်းခြောက်တဲ့လူရဲ့ အသည်းနဲ့ အသည်းကင်ဆာဖြစ်တဲ့လူရဲ့ အသည်းကို ယှဉ်ပြထားပါတယ်။ ဆေးလိပ်အန္တရာယ် ပြကွက်မှာဆိုရင် လူကောင်းတစ်ယောက်ရဲ့ ပုံမှန်အဆုတ်နဲ့ ဆေးလိပ်သောက်လို့ အဆုတ်ကင်ဆာဖြစ်တဲ့သူရဲ့ အဆုတ်၊ အဆုတ်ပွရောဂါဖြစ်တဲ့ သူတွေရဲ့ အဆုတ်တွေကို ယှဉ်ပြထားပါတယ်။ ဒီလိုယှဉ်ပြထားလို့ ကလေးလူငယ်တွေ မြင်တဲ့အခါ ဆေးလိပ်၊ အရက်နဲ့ မူးယစ် ဆေးဝါရဲ့အန္တရာယ်ကိုသိရှိပြီး ရှောင်ကျဉ် နိုင်မှာဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်း ရေးနဲ့ပတ်သက်တဲ့ သွားတိုက်တာ၊ လက်ဆေးတာအပြင် ကျောင်းကျန်းမာ ရေးနဲ့ပတ်သက်တဲ့ ပြကွက်တွေပါ ပြသ ထားပါတယ်။ ။
ပြခန်းကို လာရောက်လည်ပတ်ကြတဲ့ ကျောင်းသားလူငယ်တစ်ဦးကို သွားတိုက်ဆေးဘူးတစ်ဘူးစီဝေငှသွား မှာဖြစ်ပါတယ်။ ကျွန်တော်တို့ကကျန်းမာရေး အသိပညာမြှင့်တင်ပေးရတဲ့ဌာန တစ်ခုဖြစ်ပါတယ်။ ကျောင်းသားလူငယ် တွေအနေနဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကို ငယ်ငယ် ကတည်းက သိသွားတဲ့အခါ အကျင့်ပါ သွားပြီး အသက်ကြီးလာတဲ့အထိ ကျန်းမာကြံ့ခိုင်စေပြီး ပညာတတ်လူငယ် တွေ ပေါ်ထွက်လာဖို့ မျှော်လင့်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းတွေ နဲ့ပတ်သက်ပြီး Mask တပ်တဲ့အခါ ဘယ်လို ကာကွယ်မှုရတယ်ဆိုတာက အစ ပြည့်ပြည့်စုံစုံ ပြသထားတဲ့အတွက် ကျောင်းသားလူငယ်တွေ လာရောက် လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ဒေါက်တာ ဉာဏ်ဝင်းသန်း (ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန)
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေ နဲ့ ပြခန်း (၄) ခန်း ပြသထားပါတယ်။ ပထမဆုံးပြခန်းကတော့ ဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းဖြစ်ပါတယ်။ ဒုတိယနဲ့ တတိယကတော့ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနဲ့ သက်ဆိုင်တဲ့ ပြခန်းဖြစ်ပြီး စတုတ္ထ အခန်းက အဆင့်မြင့်သိပ္ပံနဲ့နည်းပညာ ဦးစီးဌာနနဲ့ သက်ဆိုင်တဲ့ ပြခန်းဖြစ်ပါတယ်။ ပွဲတော်မှာ ကျောင်းသား ကျောင်းသူတွေ ကျောင်းမှာ လက်တွေ့ သင်ကြားနေရတဲ့ ပစ္စည်းတွေကို ဦးစားပေးရွေးချယ်ပြီး ခင်းကျင်းပြသ ထားပါတယ်။ အပိုင်း (၃) ပိုင်း ရွေးချယ် ပြီးတော့ ပြသထားတာဖြစ်ပါတယ်။ Automation နဲ့ပတ်သက်တဲ့ အပိုင်း၊ Renewable Energy ၊ မော်တော်ယာဉ် နည်းပညာသုတေသနနဲ့ ပတ်သက်တဲ့ အပိုင်းတွေကို ပြသထားပါတယ်။ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူတွေ ကျွန်တော်တို့ပြခန်းကို လာရောက် ကြည့်ရှုတဲ့အခါ နည်းပညာနဲ့သက်မွေး ကဏ္ဍကို ရွေးချယ်ပြီးတော့ တက်ရောက် ခဲ့မယ်ဆိုရင်သူတို့ဘယ်လိုမျိုးသင်ကြား ရမယ်ဆိုတာ ကြိုတင်ပြီးတော့ မက်ဆွေ ပေးချင်တဲ့အနေနဲ့ ဒီပြခန်းတွေကို ပြသ ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနအနေ နဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ လူငယ်တွေ စိတ်ဝင်စားမယ့် ပြကွက်၊ ပြခန်းတွေအပြင် ဂိမ်းတွေလည်း စီစဉ် ထားရှိတဲ့အတွက် လာရောက်လည်ပတ် ကြဖို့ ဖိတ်ခေါ်ပါတယ်။
ဦးကျော်ဇင်စိုး (ဒုတိယ ညွှန်ကြားရေး မှူးချုပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန)
ပွဲတော်မှာ ပြခန်းပေါင်း (၄၀) ကျော် ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ အဓိကကတော့ ကျန်းမာရေးပြခန်း၊ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနပြခန်း၊ သိပ္ပံနှင့် နည်းပညာ ပြခန်း၊ ပညာရေးပြခန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်း ပညာရပ်ဆိုင်ရာပြခန်း၊ မြန်မာနိုင်ငံ လေကြောင်းဝါသနာ ရှင်များအသင်းရဲ့ လေကြောင်းပညာရပ်ဆိုင်ရာ ပြခန်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနကနေပြီး အမျိုးသား စာပေဆုရစာရေး ဆရာကြီးတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ စာအုပ်အရောင်းဆိုင်တွေတွဲဖက်ထားတဲ့ ပြခန်းတွေကို ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။
နောက်ပြီး ကလေးတွေ ပွဲတော်ကြီးကို လာရောက်တဲ့အချိန်မှာ ပျော်ရွှင်စေဖို့ အတွက် အမှတ်တရ လက်ဆောင်တွေ လည်း ပေးသွားမှာဖြစ်ပါတယ်။ ကလေးတွေ စုပေါင်းဆောင်ရွက်တတ်တဲ့ အလေ့ အကျင့်ဖြစ်အောင် အိမ်ဆောက်ပြိုင်ပွဲ၊ (အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ တွေကိုလည်း ပျော်ရွှင်စွာဆင်နွှဲနိုင်အောင် စီစဉ်ပြီး ထည့်သွင်းထားပါတယ်။ ပွဲတော် ကို လာရောက်လေ့လာနိုင်ဖို့အတွက် နေပြည်တော်ကောင်စီအတွင်းမှာရှိတဲ့ ကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်ကြီးဌာနအလိုက် ( ဝန်ထမ်းမိသားစုတွေကိုလည်း ဖိတ်ခေါ် ထားပါတယ်။ အနာဂတ်ကျွန်တော်တို့ နိုင်ငံတော်ကြီးမှာ လူငယ်တွေရဲ့ အတွေး အခေါ် အသိအမြင်တွေ လမ်းကြောင်း တည့်မတ်ပေးနိုင်ဖို့ အသိပညာပေးခြင်း အပြင် ပျော်ပွဲရွှင်ပွဲတွေ ပေါင်းစပ်ပြီးဆောင်ရွက်ပေးတာဖြစ်ပါတယ်။ နောက် (တစ်ချက်အနေနဲ့ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းကြီးဟာ နိုင်ငံအဆင့်အားကစား ကွင်းကြီးဖြစ်ပါတယ်။ ဒီလို အားကစား ကွင်းကြီးထဲမှာ လူငယ်တွေ ပါဝင်ခဲ့တယ် ဆိုတဲ့ အမှတ်တရမျိုးရရှိစေဖို့ စီစဉ် ဆောင်ရွက်ခြင်းလည်းဖြစ်ပါတယ်။
ပွဲတော်ကြီးကိုလည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနဲ့ အညီ အထူးဂရုစိုက်ပြီး ဆောင်ရွက်ထား ပါတယ်။ ပြခန်းတွေကိုလည်း social distancing နဲ့ စနစ်တကျ လေ့လာနိုင်ဖို့ ဆောင်ရွက်ထားတဲ့အပြင် အခန်းတွင်း လှုပ်ရှားမှုတွေမှာလည်း စနစ်တကျ ကန့်သတ်ပြီး စီစဉ်ဆောင်ရွက်ထားပါ တယ်။ ပွဲတော်ကြီးမှာ အရင်ပြပွဲတွေမှာ မြင်တွေ့နေကျ ပြကွက်တွေထက် ထူးခြားပြီး လူငယ်တွေစိတ်ဝင်စားစေဖို့ စီစဉ်ထားပါတယ်။ သိပ္ပံနဲ့နည်းပညာ ပြကွက်တွေ ပညာရေးဆိုင်ရာ ပြကွက် တွေဆိုရင် ကျောင်းသားကျောင်းသူတွေ စာတွေ့ပဲသိနေရတဲ့အတွက် လက်တွေ့ မြင်နိုင်ဖို့ထူးထူးခြားခြား စီစဉ်ပေးထားပါ တယ်။ အလားတူ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနအနေနဲ့ လည်း ကလေးတွေ စာတွေ့သင်နေရတဲ့ ရန္တပိုစာချုပ်၊ အောင်ဆန်း-အက်တလီ စာချုပ် စတာတွေကို မြေပြင်မှာ လေ့လာနိုင်ဖို့ စီစဉ်ပြသထားတဲ့အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ ဗဟုသုတစုံလင်စွာ လေ့လာနိုင်ဖို့ လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်လိုပါတယ်။ ။
ဦးကျော်ကျော်ဝင်း (ဌာနမှူး၊ မြန်မာ နိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်)
ဒီပွဲတော်ကြီးမှာ မြန်မာနိုင်ငံ ရေကြောင်းကောလိပ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၊ ရေကြောင်း ဦးစီးဌာန၊ ဆိပ်ကမ်း စတဲ့ ပြခန်းတွေကို ပြသထားပါတယ်။ ကမ္ဘာပတ်ချင်သလား ရေကြောင်းပညာကို လေ့လာပါဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေကြောင်းပညာ၊ ရေကြောင်းတက္ကသိုလ်၊ ရေကြောင်း ကောလိပ်၊ ဆိပ်ကမ်းပိုင်းဆိုင်ရာ ဗဟုသုတရဖွယ်ပညာရပ်တွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ နိုင်ငံတော် အနေနဲ့ ဒီလိုပြပွဲတွေပြသပေးခြင်း အားဖြင့် လူငယ်တွေအနေနဲ့ ရေကြောင်း ပညာမှာ စိတ်ဝင်စားမှုရှိပြီး နိုင်ငံ့အတွက် တစ်ထောင့်တစ်နေရာမှာ အထောက် အကူပြုမှာ ဖြစ်ပါတယ်။ ပြခန်းတွေမှာ တော့ ရေကြောင်းတက္ကသိုလ်က ပြသ ထားတဲ့ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်း တွေနဲ့ ရေကြောင်းအသက်ကယ်ပစ္စည်း တွေလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ ရဲ့ ပြခန်းတွေကို လေ့လာခြင်းအားဖြင့် နောက်မျိုးဆက်လူငယ်တွေ ရေကြောင်း ပညာဗဟုသုတတွေများစွာ ရရှိမှာဖြစ်တဲ့ အတွက် နိုင်ငံတော်အတွက်တော့ တိုးတက်မှုတစ်ခုပဲဖြစ်ပါတယ်။ ။
ဒေါက်တာ ပြည့်ကျော်သူ (ညွှန်ကြား ရေးမှူး၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန)
ကျွန်တော်တို့ဌာနအနေနဲ့ ပြခန်း (၄) ခန်းကို ခင်းကျင်းပြသသွားမှာဖြစ်ပါ တယ်။ လာကြည့်မယ့် ကလေးတွေက အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းသား ကျောင်းသူတွေဖြစ်တဲ့ အတွက် သူတို့တွေနဲ့ အနီးစပ်ဆုံး ဖြစ် အောင် ပြသထားပါတယ်။ ပထမပြခန်း မှာဆိုရင် သက်ဆိုင်ရာ အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်း၊ အစိုးရနည်းပညာ ကောလိပ်တွေနဲ့ အစိုးရနည်းပညာ ကျောင်းတွေမှာ လက်တွေ့သင်ခန်းစာ တွေကို သင်ကြားနေတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ပြသထားတာဖြစ်တဲ့အတွက် ပြခန်းကိုလာရောက်တဲ့ ကလေးတွေ ဝင်ရောက်စမ်းသပ်ပြီး ကြည့်ရှုလို့ရပါ တယ်။ ဒုတိယပြခန်းမှာ CNC နဲ့ပတ်သက်ပြီး 3D Printer ခင်းကျင်းပြသထားပါတယ်။ Autotronic နဲ့ ပတ်သက်ပြီး အင်ဂျင်တစ်ခုရဲ့ လှုပ်ရှားပြောင်းလဲနေတဲ့ အ ကြောင်းအရာတွေကို Cutting Model တွေနဲ့ ပြသထားတာ ဖြစ်တဲ့အတွက် လာကြည့်တဲ့ ကျောင်းသား ကျောင်းသူတွေ တစ်ခါတည်းနဲ့ ရှင်းရှင်းလင်းလင်း သိရှိမှာ ဖြစ်ပါတယ်။ Renewable Energy မှာတော့ လေစွမ်းအင်၊ နေစွမ်းအင်ကို အသုံးပြုပြီးတော့ ဘယ်လို လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်နေ တယ်ဆိုတာ ကလေးတွေမြင်အောင် ပြသထားပါတယ်။ ဒီနေ့ခေတ်မှာ ရေပန်းစားနေတဲ့ Energy Automation နဲ့ ပတ်သက်ပြီး အရှင်းလင်းဆုံးနဲ့ အတိကျဆုံးမြင်အောင် ပြသထားပါ တယ်။ Electronic Circuit တွေကို အလုပ်လုပ်တဲ့ PCB Making Process ကိုလည်း ပြသထားပါတယ်။ ဒီပြခန်း တွေကိုကြည့်ခြင်းအားဖြင့် အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ အသိပညာဗဟုသုတတွေ တိုးပွားလာပြီးတော့ နောင်တစ်ချိန်မှာ အင်ဂျင်နီယာတွေဖြစ်အောင်၊ ပညာရှင် တွေဖြစ်အောင် ဘယ်လိုဆောင်ရွက်ရ မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေကို အများကြီး ရရှိမှာဖြစ်တဲ့အတွက် လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ဦးဌေးအောင် (ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန)
အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအနေနဲ့ မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းကို အပိုင်း (၅) ပိုင်းခွဲပြီးခင်းကျင်း ပြသသွားမှာ ဖြစ်ပါတယ်။ ပထမအပိုင်းကတော့ စိတ်ဓာတ်မြှင့်တင်ရေးပြခန်း ဖြစ်ပြီး ဒီပြခန်းမှာပဲ အပိုင်း (၅) ပိုင်းခွဲပြီး ပြသသွားမှာဖြစ်ပါတယ်။ သမိုင်းအစဉ် အလာရှိသော မြန်မာ့အားကစားသမား များ ပြခန်းထဲမှာ ခေတ်အဆက်ဆက် မြန်မာ့ဂုဏ်ဆောင် အားကစားသမားများ ရယူပေးခဲ့တဲ့ ဆုဖလား၊ ဆုတံဆိပ်၊ မှတ်တမ်း ဓာတ်ပုံ၊ ပြိုင်ပွဲယှဉ်ပြိုင်မှု ဓာတ်ပုံ၊ နိုင်ငံတကာက ဆုတံဆိပ်တွေ ရယူပြီး ပြန်လာတဲ့အခါမှာ ပြည်သူတွေ က သောင်းသောင်းဖြဖြ ကြိုဆိုတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ခင်းကျင်းပြသ ထားပါတယ်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများ ပြခန်းမှာ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပြီး ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိတဲ့ အားကစား သမားတွေရဲ့ မှတ်တမ်းဓာတ်ပုံ တွေကို ခင်းကျင်းပြသထားပါတယ်။ အထိမ်း အမှတ် အားကစားပစ္စည်းပြခန်းမှာ နိုင်ငံတကာ အားကစားပြိုင်ပွဲ တွေကို မြန်မာနိုင်ငံက အားကစားနည်းအလိုက် သွားရောက်ယှဉ်ပြိုင်တဲ့အခါ အိမ်ရှင် အဖြစ် လက်ခံကျင်းပတဲ့ နိုင်ငံတွေက ပြိုင်ပွဲအထိမ်းအမှတ်အဖြစ် ဆုဖလား၊ ဆုတံဆိပ်၊ မှတ်တမ်းလွှာတွေကို ပြန်ပေး ပါတယ်။ ပြန်ပေးတဲ့ဆုဖလား၊ ဆုတံဆိပ်။ မှတ်တမ်းလွှာတွေကို စုစည်းပြီး အထိမ်း အမှတ် အားကစားပစ္စည်းပြခန်းအနေနဲ့ ခင်းကျင်းပြသထားပါတယ်။
မြန်မာ့ရိုးရာ အားကစားပွဲတော်များ ပြခန်းမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ် အောင်ဆန်းကွင်းမှာ ကျင်းပ ခဲ့တဲ့မြန်မာ့ရိုးရာ မြင်းခင်းသဘင်ပွဲတော် မှတ်တမ်းဓာတ်ပုံ၊ ၁၉၉၆ ခုနှစ် အင်းလျား ကန်မှာကျင်းပခဲ့တဲ့ မြန်မာ့လှေသဘင် ပွဲတော်ပြခန်းက မှတ်တမ်းဓာတ်ပုံနဲ့ ၁၉၉၂ ခုနှစ် ကျင်းပခဲ့တဲ့ အမျိုးသား အားကစားပွဲတော်ပြိုင်ပွဲက မှတ်တမ်း ဓာတ်ပုံကို ခင်းကျင်းပြသထားပါတယ်။ လူထုအားကစားလှုပ်ရှားမှုများ ပြခန်း မှာ ကျွန်တော်တို့ဌာနရဲ့ အဓိက ဦးတည်ချက်အနေနဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး ဖြစ်ပါတယ်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး ဖြစ်တဲ့အတွက် ဌာနအနေနဲ့ နှစ်စဉ် ဒီဇင်ဘာလမှာလူထုအားကစားလအဖြစ် သတ်မှတ်ပြီး လူတိုင်းကျန်းမာကြံ့ခိုင် စေဖို့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ လမ်းလျှောက်ခြင်းကို ကျန်းမာရေး အတွက် ဆောင်ရွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်စဉ် စုပေါင်း လမ်းလျှောက်ပွဲတွေကို ရပ်ကွက်၊ ကျေးရွာ အဆင့်ကနေစပြီး နိုင်ငံတော် အဆင့်ထိ နှစ်စဉ်တစ်နိုင်ငံလုံး အတိုင်း အတာကျင်းပခဲ့တဲ့ လူထုလမ်းလျှောက်ပွဲ မှတ်တမ်းဓာတ်ပုံတွေကို စုစည်းပြီး ပြသ ထားပါတယ်။ ဒုတိယပြခန်းအနေနဲ့ ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့ တောင် အာရှပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများ ပြခန်းမှာလည်း အပိုင်း(၃)ပိုင်းခွဲပြီး ပြသထားခြင်းဖြစ်ပါတယ်။ အရှေ့တောင် အာရှအားကစားပြိုင်ပွဲရဲ့ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားကျင်းပနေတဲ့ မှတ်တမ်း ဓာတ်ပုံ၊ နိုင်ငံတော်အကြီးအကဲတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ လာရောက် ကြည့်ရှုတဲ့ မှတ်တမ်းဓာတ်ပုံ၊ (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင် ဆောင် ရွက်မှု မှတ်တမ်းဓာတ်ပုံ၊ (၂၇) ကြိမ် မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာ နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားတွေ ယှဉ်ပြိုင်မှုဓာတ်ပုံ၊ ပြိုင်ပွဲ ပြီးတဲ့အခါ ဆုတံဆိပ်ရယူနေတဲ့ အောင်ပွဲခံ ဓာတ်ပုံတွေနဲ့ အသင်းလိုက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံတွေကို ခင်းကျင်းပြသထားပါတယ်။ ။
တတိယပြခန်းအနေနဲ့ ၂၀၁၆ ကနေ ၂၀၂၀ အစိုးရလက်ထက်မှာ အားကစား လှုပ်ရှားမှုဆိုင်ရာ ဆောင်ရွက်မှုမှတ်တမ်း တွေကို ခင်းကျင်းပြသထားပါတယ်။ စတုတ္ထပြခန်းအနေနဲ့ မြန်မာ့အားကစား သမားများ မော်ကွန်းခန်းမမှာတော့ ခေတ်အဆက်ဆက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးတွေ ရယူပေးခဲ့တဲ့ ဆုဖလား၊ ဆုတံဆိပ်တွေအနက် ရွှေတံဆိပ်လေးခုနဲ့အထက် အများဆုံး ရယူပေးခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား တွေကို ဂုဏ်ပြုပြီး သူတို့ရဲ့ ပုံစံတူရုပ်တုတွေကို ထုလုပ်ပြီး ခန်းမမှာ ခင်းကျင်းပြသထားပါတယ်။ ရွှေတံဆိပ်လေးခုမရဘဲ တစ်ခု၊ နှစ်ခု သုံးခုရတဲ့ ကစားသမားတွေကိုတော့ သူတို့ရဲ့ မှတ်တမ်းဓာတ်ပုံတွေကို နံရံမှာ ချိတ်ဆွဲပြီး ပြသထားပါတယ်။ ပဉ္စမပြခန်းကတော့အခု အစိုးရလက်ထက်မှာ အားကစား လှုပ်ရှားမှုဆိုင်ရာ ဆောင်ရွက် ချက်တွေဖြစ်တဲ့ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ အားကစားရုံတွေကို သွားရောက်စစ် ဆေးတဲ့ မှတ်တမ်းဓာတ်ပုံ။ တိုင်းဒေသကြီးနဲ့ပြည်နယ် အားကစား ပြိုင်ပွဲ ကျင်းပနေမှုမှတ်တမ်း ဓာတ်ပုံ။ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲကျင်းပမှု မှတ်တမ်းဓာတ်ပုံတွေကို စုစည်းပြီးပြသထားပါတယ်။
ပြခန်းတွေကို ကြည့်ရှုလေ့လာခြင်း အားဖြင့် တစ်ချိန်က ကျွန်တော်တို့နိုင်ငံရဲ့ အားကစားဟာ အရှေ့တောင် အာရှနိုင်ငံ တွေကိုကျော်လွန်ပြီး အာရှအဆင့်ကို ထိုးဖောက်ကာ ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်ခဲ့တယ်ဆိုတဲ့ ထူးချွန် ပြောင်မြောက်တဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ယနေ့ခေတ်လူငယ် တွေ သိရှိခွင့်ရမယ်။ ဒီဓာတ်ပုံတွေကို ကြည့်ရှုပြီး အားကစားကို ပိုမိုကြိုးစား လေ့လာလိုက်စားလိုတဲ့စိတ်တွေ ဖြစ်ပေါ် အောင် မှတ်တမ်းတွေကို တတ်နိုင် သလောက် စုစည်းပြီး ပြည့်ပြည့်စုံစုံ ခင်းကျင်းပြသထားတဲ့အတွက် ကျောင်းသား လူငယ်တွေ၊ ဝန်ကြီးဌာနက (ဝန်ထမ်းမိသားစုတွေ၊ ပြည်သူတွေ ပြခန်းကို လာရောက်လေ့ လာကြည့်ရှုကြ ဖို့ဖိတ်ခေါ်ပါတယ်။
တွေ့ဆုံမေးမြန်း - ဟိန်းအောင်
ဓာတ်ပုံ - ကိုကြီးထိန်