Skip to main content

ဖားကန့်မြို့နယ်၌ ငွေကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၆

ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း ၇၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၅ ရက် ည ၉ နာရီခွဲတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်လုံးခင်း ကျေးရွာ၌ သတင်းအရ ခါးလီ(၃၅နှစ်) မောင်းနှင်ပြီး မနန်လွမ်း (ခ)ဇောင်းညွယ်(ခ)အနန်(၂၈နှစ်)နှင့် ဆိုင်းလီ (၂၃နှစ်)တို့ လိုက်ပါလာသည့် Toyota Wish မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းခါးလီမှာ ထွက်ပြေးသဖြင့် ၎င်းအားပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ကို အသေးစိတ်ရှာဖွေရာ  ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားငါးသိန်းကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ သုံးဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်