Oct 16, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်
Oct 16, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH ၊ NUG တို့သည် အလုံးစုံပျက်သုန်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအပြင် NLD အစွန်းရောက် အများစုပါဝင်သော PDF အဖွဲ့များအနေဖြင့် ၎င်းတို့နှင့် နိုင်ငံရေးခံယူချက်အရ ကွဲပြားပြီး အေးချမ်းစွာ နေထိုင်လိုသည့် ကျေးရွာများကိုလည်း နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖိအားပေးခြင်း၊ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို အင်အားသုံး၍ ဝင်ရောက်စီးနင်းကာ အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက်ညှင်းပမ်း သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများအား လုယက်ခြင်းတို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အလစ်အငိုက် လုပ်ဆောင်လျက်ရှိသည်။
Oct 16, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၁၇၂ ဦး၊ အမျိုးသမီး ၁၃၉ ဦး၊ စုစုပေါင်း ၃၁၁ ဦး နှင့် ချင်းရွှေဟော်မြို့၊ နမ့်ဖာဟော်တံတားမှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၈ ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။
Oct 16, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
Oct 16, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေးနှင့် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၆ ခုမှ အိမ်သုံးဆေးဝါး ၈၉ မျိုးကို ရောင်းချပေးခဲ့သည်။
Oct 16, 2021
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ပျဉ်းမနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာနက ပုဒ်မ ၁၄၄ ထုတ်ပြန်တားဆီးခြင်းနှင့်ပတ်သတ်၍ လက်ရှိလူမှုကွန်ယက်မီဒီယာများတွင် သတင်းများ ရေးသားဖော် ပြနေမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ ဖြေကြားထားပါသည်-
Oct 16, 2021
ယနေ့ မင်္ဂလာရှိသော ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဦးစွာဆုတောင်း မေတ္တာပို့သအပ်ပါသည်။
Oct 16, 2021
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 16, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၆/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Oct 16, 2021
ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအကြား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့တဲ့ (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ်။ ယခင်က NCA ချုပ်ဆိုခြင်း နှစ်ပတ်လည် အခမ်းအနားတွေကို နေပြည်တော်မှာ လူချင်းတွေ့ဆုံကာ ကျင်းပပြုလုပ်ခဲ့ပြီး (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ကိုတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက် သဝဏ်လွှာပေးပို့ခြင်းနဲ့ Online မှ မိန့်ခွန်းပြောကြားခြင်းပဲ ပြုလုပ်ခဲ့ရပါတယ်။
Oct 16, 2021
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဝင်များနှင့် စပ်လျဉ်း၍ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းခြင်း
Oct 16, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည် နေ့တွင် သဝဏ်လွှာပေးပို့ခဲ့သည်။
Oct 16, 2021
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင် (၆)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ NCA ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ကြရာတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ရှေးရှုကာ ပြည်သူတို့၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြမည်ဟူသောအချက်ကို ကြိုတင်သဘောတူ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ NCA ကို စတင်လက်မှတ်ရေးထိုးရာတွင် CNF ၊ ABSDF ၊ ALP ၊ RCSS ၊ KNU ၊ KNU /KNLA (PC) ၊ DKBA ၊ PNLO ဟူ၍ လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ ပါဝင်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးလာခဲ့သည့် အတွက် စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့တို့ NCA တွင် ပါဝင်လျက်ရှိသည်။
Oct 15, 2021
နိုင်ငံတော်အစိုးရက ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိလာစေရေးအတွက် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက် ရှိသည်။
Oct 15, 2021
၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံး ဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၂.၉.၂၀၂၁ ရက်နေ့မှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် (၆၀)ဆိုင်တွင် 92Ron (၁၈,၂၀၂,၂၁၄) လီတာ၊ ဒီဇယ် (၁၁,၀၀၉,၀၅၀) လီတာနှင့် Premium ဒီဇယ် (၁၆,၈၃၂,၅၄၇) လီတာတို့ ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်ပါသည်။
Oct 15, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး (၂၄) သန်း doses ကို စာချုပ်ချုပ်ဆို ဝယ်ယူထားသည့်အနက် ကာကွယ်ဆေး (၄)သန်း doses သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ညနေ ၆ နာရီတွင် ထပ်မံရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူသည်။
Oct 15, 2021
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီအစည်းအဝေး (၁၄ /၂၀၂၁) ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 15, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြား ဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြား ဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ မူဆယ်နှင့်ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း(၂)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၄) ခုမှယာဉ်စီးရေ (၁၅) စီးဖြင့် အောက်ဆီဂျင်(အိုးခွံ) (၃၇၉)ခု၊ Oxygen Plant (၅)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၇၅၈)ခု၊ PPE ဝတ်စုံ (၅၀၂၇၅)ခု၊ လက်အိတ် (၂.၅) တန်နှင့် နှာခေါင်းစည်း(Mask) (၅၁)တန်တင်သွင်းခဲ့သည်။ Oxygen Plant (၅) ခုမှာ ဆိပ် ကမ်းမှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်းသိရှိရသည်။
Oct 15, 2021
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သံရုံးဒုတိယအကြီးအကဲသင်တန်း (Course for Deputy Chief of Mission-CfDCM) အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် Virtual Platform မှ တစ်ဆင့် ကျင်းပသည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်၍ အမှာစကား ပြောကြားသည်။