Skip to main content

Oct 15, 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံ ကုန်ထုတ်သမဝါယမကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ၊ အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့နံနက်ပိုင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ဇေယျာသီရိမြို့နယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ နဝဒေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းနှင့် ဟံသာဝတီ လမ်းထောင့်ရှိ စည်ပင်သာယာ ရဲတပ်ဖွဲ့(ရန်ကုန်) အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်ပြီး ဆိတ်သား၊ ဝက်သား၊ အမဲသား၊ ကြက်သား၊ ရေချို/ရေငန်၊ ငါး/ပုဇွန်အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် မီးဖိုချောင်သုံးပစ္စည်း အမျိုးမျိုးတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေးသို့သွားရန်မလိုဘဲ မိမိတို့နေအိမ်ဝင်း အတွင်း အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာ ဓမ္မဗိမာန်တော်ကြီး၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ် တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးနေမှုများကို ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များ၌ ကျောင်းသား ကျောင်းသူများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးနေမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်း သူများ၏စကားသံများကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

ဖေဖော်ဝါရီလ ၁ ရက်နေ့က သမ္မတဟောင်း ဦးဝင်းမြင့်ကို ကျန်းမာရေးအရ နုတ်ထွက်ခိုင်းတယ်ဆိုပြီး တရားရုံးတွင် သမ္မတဟောင်း ဦးဝင်းမြင့်၏ ထွက်ဆိုချက်နှင့် ပတ်သက်၍ သတင်းများပျံ့နှံ့နေမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ ရှင်းလင်းပြောကြားထားပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ အောက်တိုဘာ ၁၃ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၀၂ ဦး၊ အမျိုးသမီး ၁၅၁ ဦး၊ စုစုပေါင်း ၃၅၃ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင် ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၆၅ ဦး၊ အမျိုးသမီး ၂၃၃ ဦး၊ စုစုပေါင်း ၄၉၈ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ (၉) ကြိမ်မြောက် “ကမ္ဘာ့စံချိန် စံညွှန်းနေ့အခမ်းအနား ၂၀၂၁” ကို ယနေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဝင်္ကပါလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၌ အရာထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

သတ္တမအကြိမ်မြောက် အာဆီယံနိုင်ငံများ မူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် အလှည့်ကျအိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (NACD) က ကြီးမှူးကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ကျင်းပရာ အောက်တိုဘာ ၁၄ ရက်တွင် ကျင်းပသော ဝန်ကြီးများအဆင့် အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိ သူများ ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ် သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေးတစ်သန်းနှင့် ဆေးထိုးအပ် ၁၀၀၁၆၀၀ ကို အောက်တိုဘာ ၁၃ ရက်တွင်လက်ခံရရှိခဲ့ပြီးကျန်ရှိသည့်ကာကွယ်ဆေးတစ်သန်းနှင့်ဆေးထိုးအပ်(၉၉၈၄၀၀)ချောင်းသည် ယနေ့ ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှ Air China လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူများ ထပ်ဆောင်းကာကွယ်ဆေး (Booster Doses) ထိုးနှံခြင်းနှင့်စပ်လျဉ်း “၍ ဝေဖန်ငြင်းခုံမှုများရှိရာ အထူးသဖြင့် ကာကွယ်ဆေးတစ်ကြိမ် မျှ မထိုးနှံရသေးသူများ မြောက်မြားစွာရှိနေသေးသည့်အခြေအနေ တွင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကြောင့် ဆေးဖြန့်ဝေမှု သာတူညီမျှမရှိခြင်းအပေါ်တွင် စောဒက တက်ကြခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးရန် အမှန်တကယ်လိုအပ်ကြောင်း ပြသနိုင်လောက်သည့် သိပ္ပံနည်းကျ အထောက်အထားများမရှိဟူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် များက ပြောကြားထားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2021

မြန်မာနိုင်ငံသည် သမိုင်းမတင်မီကာလမှစ၍ ယဉ်ကျေးမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှု အဆင့်ဆင့်တိုးတက်ဖြစ်ပေါ်မှုတွင် အခြားဒေသများထက် ပို၍ထူးခြားသည်မှာ မြန်မာ့မြေတွင် လူမျိုးနွယ်အစ အဆင့်မြင့်ပရိုင်း မိတ်ရုပ်ကြွင်းအထောက်အထားများ တွေ့ရှိရခြင်းဖြစ်သည်။ ရှေးဦးလူသားတို့ နေထိုင်ခဲ့ကြကြောင်း ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများက အထင်အရှား သက်သေထူလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2021

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခ ဒေါက်တာအေးထွန်းသည် Russian Direct Investment Fund၏ CEO ဖြစ်သူ Mr. Kirill Dmitriev နှင့် အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှ Virtual စနစ်ဖြင့် ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လို အပ်သည့်အောက်စီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြားဆက်စပ် ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်

ဆက်လက်ဖတ်ရှုရန်

Oct 14, 2021

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TICA) မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးဆိုင်ရာ RT-PCR စက်(၂)စုံ၊ ဓာတ်ခွဲခန်းသုံး ဆေးရည်များနှင့် Negative Pressure Isolation Room (5) rooms နှင့် Positive Pressure Isolation Chamber – Swab Units (10) units တို့အား လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်မြို့တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -

ဆက်လက်ဖတ်ရှုရန်