Skip to main content

ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတပညာရှင်များ ဖျော်ဖြေတင်ဆက်မည်

ရန်ကုန် ဧပြီ ၁၀

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နှစ်နှစ်တိုင်တိုင် ကျင်းပခြင်း မရှိခဲ့သော်လည်း ယခုနှစ်တွင် ရန်ကုန်မြို့တော် နေပြည်သူများ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ချမ်းမြေ့စေရန် ပြန်လည် ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများ၊ ရုပ်ရှင်နှင့် ဂီတပညာရှင်များ၏ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ သဘင်ပညာရှင်များ၏ အကများဖြင့် တင်ဆက်မှု များအပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။     

အာကာစိုး