နေပြည်တော် ဧပြီ ၁၀
ရခိုင်ပြည်နယ်သံတွဲမြို့နယ် မြုံပြင်ကျေးရွာအုပ်စု ဗားတောင်းတောင်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မတည်လှူဒါန်းငွေကျပ် သိန်း ၁၀၀ အပါအဝင် စေတနာရှင်အလှူရှင်များ၏ထည့်ဝင်လှူဒါန်း ငွေ စုစုပေါင်းငွေကျပ်သိန်း ၁၅၀၀ အကုန်အကျခံကာ သံတွဲမြို့နယ် မြတင်ကျေးရွာ ဗားတောင်းတောင်ရှိ ပရဟိတ သိမ်ကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ ဦးစီး၍တည်ဆောက် ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အောက်ဆီဂျင်စက်ရုံသစ်ရှေ့၌ ပြုလုပ်ရာပရဟိတ သိမ်ကုန်းကျောင်းတိုက် ဆရာတော်ကြွရောက်တော်မူပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ သံတွဲခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက် ရေးအဖွဲ့ဝင်များ၊အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပရဟိတသိမ်ကုန်း ကျောင်းတိုက် ဆရာတော်၊ တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အလှူရှင်များ ကအောက်ဆီဂျင်စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌက အောက်ဆီဂျင်စက်ရုံဖြစ်ပေါ်လာရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက အလှူရှင်မိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ကြပြီးတက်ရောက်လာကြသူများကအောက်ဆီဂျင် စက်ရုံသစ် စတင်ထုတ်လုပ်နေမှုများအား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံကို ကိုဗစ်-၁၉ အတည်ပြုလူနာ များနှင့်အခြားအထွေထွေရောဂါ ဝေဒနာရှင်များအား ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့အလုံး ၁၂၀ ထုတ်လုပ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်