Skip to main content

၂၀၂၂ ခုနှစ် တပ်မတော်(ရေ)ဌာနချုပ် တပ်၊ စခန်း၊ ရေယာဉ်စုများ၌ ဒီရေတောပင် စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၇

ယနေ့အချိန်တွင် ဒီရေတောများ ပြုန်းတီးပျက်စီးမှုများကြောင့် ကမ်းခြေရေတိုက်စားမှုများ၊ မကြာခဏ ရေလွှမ်းမိုးမှုများနှင့် ရေသယံဇာတ ပျက်စီးမှုများ စသည့် သဘာဝဘေးအန္တရာယ်များ ပိုမိုကြုံတွေ့လာရပါသည်။ ထိုကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်၊ ကမ်းရိုးတန်း သဘာဝသယံဇာတ ထိန်းသိမ်းရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဒီရေတောပင် စိုက်ပျိုးပွဲ အခမ်းအနားကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်များရှိ သက်ဆိုင်ရာ ရေတပ်စခန်း ဌာနချုပ်များနှင့် စစ်ရေယာဉ်စုများ၌ ကျင်းပသည်။

အခမ်းအနားများတွင် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက သတ်မှတ်နေရာ အသီးသီးတွင် ဒီရေတောပျိုးပင်များဖြစ်သော လမုပင်၊ ဗြူးခြေ ထောက်ပင်၊ သမက်ပင်၊ ပရုန်းပင်နှင့် ဓနိပင် စုစုပေါင်းအပင် ၁၆၈၆၀ ကို စိုက်ပျိုးခဲ့ကြပြီး ၂၀၂၂ ခုနှစ်အတွင်း ဒီရေတောပင် စုစုပေါင်းအပင် ၁၉၄၆၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်