Sep 22, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့်အဖွဲ့ကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
Sep 22, 2022
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 22, 2022
အကြီးစားပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်နေသော မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေး ကျင်းပပြုလုပ်မည့် ဝိဇယမင်္ဂလာ ဓမ္မသဘင် အဆောက်အအုံလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးစံမီသော သတ်မှတ်ပစ္စည်းများသုံးစွဲရေး၊ ပိဋကသုံးပုံပါဠိတော်ကို မြန်မာ-ရိုမန်အက္ခရာ နှစ်မျိုးဖြင့် ကျမ်းစာအုပ်များ ရိုက်နှိပ်ထုတ်ဝေခြင်း လုပ်ငန်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် ကျမ်းစာအုပ်များ အရည်အသွေးကောင်းမွန်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း ကယနေ့နံနက်ပိုင်းက အဆိုပါလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများကို မှာကြားသည်။
Sep 22, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Sep 22, 2022
၂၀၂၂ ခုနှစ် ဧပြီလအတွင်း စက်သုံးဆီအရောင်းဆိုင်များမှ အရောင်းရပ်ဆိုင်းခြင်း၊ အချိန်အပိုင်းအခြားဖြင့် ရောင်းချခြင်း၊ ပမာဏအကန့်အသတ်ဖြင့် ရောင်းချခြင်းများ ဖြစ်ပွားခဲ့သဖြင့် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်းကိုင်တွယ် ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းဖူလုံမှုရှိစေရေး၊ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက “စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ” ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
Sep 22, 2022
အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သူကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
Sep 22, 2022
တရုတ်ပြည်သူ့ ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေးအသင်း CHINESE PEOPLE’S ASSOCIATION FOR PEACE AND DISARMAMENT (CPAPD) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ယနေ့ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂” သို့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) ဦးဆောင်သော မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့သည် ရုပ်သံမှတစ်ဆင့် တက်ရောက်ကြသည်။
Sep 22, 2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံများ လျာထားသတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် စက်တင်ဘာ ၂၀ရက်နှင့် ၂၁ရက်တို့တွင် မြို့နယ်အလိုက် ကွင်းဆင်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
Sep 22, 2022
AHA Centre မှ တစ်ဆင့်ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့မွန်းလွဲ ၃ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ တက်ရောက်ကြသည်။
Sep 22, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၂နာရီက ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 22, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးများ၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၂၅၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၁၃၈၁၄ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ ဒေသခံပြည်သူ ၁၈၄၄ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခုနစ်ခရိုင်၌ ဒေသခံပြည်သူ ၈၆၅၈ဦးနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၌ ဒေသခံပြည်သူ ၃၂၈ ဦးတို့ကို (အောက်ပုံ) တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
Sep 22, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Sep 22, 2022
“မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားတွင် မိမိတို့ရိုးရာ၊ ယဉ်ကျေးမှုနှင့် အနုသုခုမများကို မြတ်နိုးခုံမင်စွာ လေ့လာလိုက်စားပြီး အနာဂတ်ကာလများတိုင် ပခုံးပြောင်းလက်ဆင့်ကမ်း သယ်ဆောင်သွားလိုစိတ်များ ကိန်းအောင်းရှင်သန်စေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
Sep 22, 2022
လာမည့်ပညာသင်နှစ်မှစတင်၍ ခရိုင် ၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်၍ စတင်ဖွင့်လှစ်သွားတော့မည်ဖြစ်သည်။ ဤသည်မှာ နိုင်ငံ၏ပကတိဖြစ်ပေါ်နေသော အခြေအနေများအရ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည့် လုပ်ဆောင်ချက်ကို ပြုလုပ်ခြင်းပင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
Sep 21, 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Sep 21, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
