Skip to main content

Sep 25, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2022

(၇၅) ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2022

ပြည်ထဲရေးဝန်ကြီးဌာနက ကြီးမှူး ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်း၊ အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှု ကျွမ်းကျင်သင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၈) အရိန္ဒမာခန်းမ၌ ကျင်းပရာ အခမ်းအနားမှူး သင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် အစားအသောက် နှင့် အဖျော်ယမကာဝန်ဆောင်မှု ကျွမ်းကျင်သင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်တို့ တက်ရောက်၍ သင်တန်းဆင်းအမှာ စကားပြောကြားကာ သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2022

Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေးက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အသစ်နှင့်ပတ်သက်၍ ယခင်ဥပဒေအတိုင်း ပြည်သူများကို မူကြမ်းအနေဖြင့်ချပြရန် အစီအစဉ်ရှိ၊ မရှိနှင့် တချို့သောနိုင်ငံရေး အင်အားစုများအနေဖြင့်လည်း ဥပဒေအသစ်ကို စောင့်ဆိုင်း နေရသည်ဖြစ်သည့်အတွက် ကာလအားဖြင့် မည်မျှကြာမည်ကို သိလိုကြောင်းမေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2022

တပ်ကုန်းမြို့နယ်၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့နယ်၊ လွိုင်လင် မြို့နယ်နှင့် ဟိုပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ကတ္တီပါမျှော့ကြိုး ကီလိုဂရမ် ၁၃၆၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၅၅၂၀၀၀)ကိုလည်းကောင်း၊ စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာ ထားခြင်းမရှိသော အီလက်ထရောနစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၇၅၀၀၀၀ )ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၃၀၂၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Sep 25, 2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Free Online Certificate Course ဖွင့်လှစ်မည်

ဆက်လက်ဖတ်ရှုရန်

Sep 25, 2022

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်။ နိုင်ငံ၏ လူဦးရေအများစုမှာ ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံလုပ်ကိုင် ကြသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် လုပ်ငန်းအများစုနှင့် အိမ်တွင်းမှု စက်မှုလက်မှုလုပ်ငန်းများကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဟု ခေါ်ဆိုကြသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို ယခင်က SME ဟုခေါ်ဆိုပြီး ယခုအခါ MSME ဟုခေါ်ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2022

အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေ ချိုးဖောက်မှုများရှိသည် ဟူသော သတင်းဖော်ပြမှုမှာ မှန်ကန်မှုမရှိကြောင်း အလုပ်သမားဝန်ကြီး ဌာနက သတင်းမှန် ထုတ်ပြန်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံရှိ အလုပ်သမားများမှာ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့် ဥပဒေပါအခွင့်အရေးများ ခံစားခွင့်မရကြောင်း အပါအဝင် အခြားမှန်ကန်မှုမရှိသော အချက်အလက်များကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2022

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များနှင့် အနုပညာရှင်များ ပူးပေါင်းပါဝင်၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ တင်ဆက်ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီးကို ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ တင်ဆက်ကပြ ဖျော်ဖြေရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2022

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်း ကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများရောက်ရှိနေကြောင်း အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ် နေကြသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2022

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက် မြို့မဈေးအနောက်ဘက်တန်းလမ်းတွင် ဖွင့်လှစ်ထားသည့် “ဦးသိန်းမောင်+ဒေါ်ရင်မေ သားသမီးများ” ရတနာရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅၀ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား PDF အကြမ်းဖက်သမား ၄ ဦးက သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2022

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ရောက်ရှိနေသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ စက်တင်ဘာ (၂၀) ရက်တွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်ပိုင် မျိုးစေ့ကော်ပိုရေးရှင်း National Seed Corporation (NSC) နှင့် ဆက်စပ်ဆောင်ရွက် လျက်ရှိသည့် ICAR-Indian Agricultural Research Institute သို့သွားရောက်၍

ဆက်လက်ဖတ်ရှုရန်

Sep 24, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၃၇၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၁၆၀၈၀၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် သုံးမြို့နယ်၌ ဒေသခံပြည်သူ ၁၄၃၂ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်၌ ဒေသခံပြည်သူ ၇၂၆၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2022

ယခုသင်တန်းတွင် သင်တန်းသားများကို ITနှင့်သက်ဆိုင်သော အသုံးချဘာသာရပ်များကို အခြေခံမှစတင်၍ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ရာ ယခင်ရှိပြီးသော လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတများ ပေါင်းစပ်၍ရှာဖွေစုဆောင်း လေ့လာသင်ယူနိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှု စသည့် အရည်အချင်းများနှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အသုံးချ၍ လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားကြရန်၊ အချိန်နှင့်အမျှ တိုးတက်နေသည့် IT နည်းပညာများကို ဆက်လက်လေ့လာသွားကြရန်နှင့် မိမိတို့မှတစ်ဆင့် ဆင့်ပွားပညာ ဖြန့်ဝေသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကျန်းမာရေး စောင့်ရှောက်မှုနယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေးပညာလေ့ကျင့် သင်ကြားရေးနယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2022

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်