Sep 23, 2022
မျက်မှောက်ကာလတွင် ကျောက်ကပ်၊ ကင်ဆာ၊ အသည်း စသည့် မကူးစက်သောရောဂါများ အဖြစ်များလျက်ရှိသလို ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်နိုင်သောရောဂါများလည်း အဖြစ်များလျက်ရှိသည်။ ပုံမှန်နေထိုင်မှုဘဝတွင် လှုပ်ရှားသွားလာ လုပ်ကိုင်လျက်ရှိနေ၍ ကျန်းမာနေသည်ဟု ထင်မှတ်ရသော်လည်း ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြ
Sep 23, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Sep 23, 2022
ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသောမေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော် အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ် စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။
Sep 23, 2022
ပြည်သူများ အရည်အသွေးမီ ဆန်များ ဈေးနှုန်းမှန်ကန်ချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်- တပ်ကုန်း ခရေပင်လမ်းခွဲရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း သတင်းစာတိုက်များမှ ဝန်ထမ်းများအတွက် အရည်အသွေးမီဆန်များကို ဈေးနှုန်းမှန်ကန်ချိုသာစွာဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
Sep 23, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီ ဈေးနှုန်းများ
Sep 23, 2022
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ အနာဂတ်ကြယ်ပွင့်ကလေးများ ပရဟိတ ဂေဟာသို့ ဆန် ၁၀ အိတ်၊ ဆီ ၁၀ ပိဿာနှင့် ငွေကျပ် လေးသိန်းတို့ကို ယနေ့ ညနေပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 23, 2022
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပြည်နယ်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
Sep 23, 2022
(၁၆) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် စုံညီအစည်းအဝေး (16th AMMTC) ကို စက်တင်ဘာ ၂၁ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။ ၎င်း၏ ဆက်စပ်အစည်းအဝေးများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အပေါင်းသုံး (တရုတ်၊ ဂျပန်၊ ကိုရီးယား)တို့နှင့် ပြုလုပ်သော အစည်းအဝေးများကို ယနေ့ နံနက် ၇ နာရီတွင် ဆက်လက်ကျင်းပရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
Sep 23, 2022
မကွေးတိုင်းဒေသကြီး၏ ဒေသတွင်းလူမှုစီးပွားကို အထောက်အကူပြုစေမည့် ဧရာဝတီ တံတား (သရက် - အောင်လံ) တည်ဆောက်ရေးစီမံကိန်းသည် ယခုအခါ တံတား တစ်စင်းလုံး တည်ဆောက်မှု၏ ၅၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) မှ သိရသည်။
Sep 23, 2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်အနေဖြင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုပြင်ဆင်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီဖြစ်သည်။ အဆိုပါပြိုင်ပွဲကြီး ကျင်းပရေးနှင့်စပ်လျဉ်း၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်ရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် သွေးစည်းညီညွတ်မှု ပိုမိုခိုင်မြဲရေး၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုထုံးထမ်းများ အနုသုခုမ အဆို၊ အတီး၊ အကများ အရှည်တည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း “ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Sep 23, 2022
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 22, 2022
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နှင်းစုံတံတားအမှတ်(၁/၈၅) သံကူကွန်ကရစ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
Sep 22, 2022
မန္တလေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီး ခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာအနီး၌ ဇာမဏီပြောက်ကျား အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော စိုင်းထက်အောင်၊ လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်းသူတို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၂-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Sep 22, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Sep 22, 2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ဇူလိုင် ၂၃ ရက်နံနက် မင်္ဂလာအချိန် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ပေ ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိသည်။
Sep 22, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံ ဥက္ကဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 22, 2022
ကမ္ဘာလုံးဆိုင်ရာ စာရင်းဇယားများအရ Meeting, Incentive, Convention, Exhibition (MICE) ခရီးသွားလုပ်ငန်း၏ ဝင်ငွေသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃၄ ဘီလီယံ ကျော်ရှိပြီး ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၁၉ ဒသမ ၃ ဘီလီယံကျော်အထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း၊ MICE ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ၂၀၁၉ ခုနှစ်တွင် (၄ ဒသမ ၇) သန်း ရှာဖွေပေးနိုင်ခဲ့ပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အကျိုးကျေးဇူးများစွာ ပေးစွမ်း နိုင်သည့်အတွက် MICE ခရီးသွားလုပ်ငန်းမှာ စနစ်တကျနှင့် အလေးထား ဆောင်ရွက်သင့်သော ကဏ္ဍတွင် ပါဝင်လျက်ရှိသည်။
Sep 22, 2022
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခဲ့သည်။
Sep 22, 2022
နေပြည်တော်၏ Digital Transformation လုပ်ငန်းစဉ်၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်နိုင်ရေး နေပြည်တော် မြို့တော်ဝန် ဦးတင်ဦးလွင်က ဖိတ်ခေါ်လိုက်သည်။
ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်ဖြစ်စေရေး၊ ကလောမြို့ကိုထင်းရှူးမြို့တော်ဖြစ်စေရေး ဆောင်ရွက်လျက်ရှိ
Sep 22, 2022
ရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ ကလောမြို့နယ် ဟဲဟိုး-ဘော်ဆိုင်း ကားလမ်းဘေး ဝဲ/ယာ စိမ်းလန်း စိုပြည်ရေး၊ ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်ဖြစ်စေရေး၊ ကလောမြို့ကို ထင်းရှူးမြို့တော်ဖြစ်စေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းနှင့် ဧရာဝတီမြစ်အနောက်ဘက်နယ်မြေအား သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။
