Sep 26, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 26, 2022
NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံရေးချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။
Sep 26, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
Sep 26, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Sep 26, 2022
လူမှုသဟဇာတ သဘောတရားများကို နားလည်သိရှိသူများ ပြားလာသည်နှင့်အမျှ ပြည်သူများအကြား အတွေးအခေါ်များ မြင့်တက်လာပြီး လူမှုပဋိပက္ခ ကင်းဝေးသော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်သူများအနေနဲ့ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ မတူကွဲပြားသော လူအုပ်စုများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး ကြိုးပမ်းမှုဖြစ်စဉ်တိုင်းတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် က တိုက်တွန်း ပြောကြားသည်။
Sep 26, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Sep 26, 2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့နှင့် ဒုံးတပ်ဖွဲ့တို့၌ တာဝန်ထမ်းဆောင်လျက်ရှိသူများ၏ သား သမီးများ၊ အငြိမ်းစားတပ်ဖွဲ့ဝင်များ၏ သားသမီးများ၊ စုစုပေါင်း ၉၈ ဦးတို့ကို Artillery Gunners Foun- dation က စက်တင်ဘာ ၂၅ ရက်တွင် နယ်မြေခံ အမြောက်တပ်ရင်း၌ ပညာရည်ချွန်ဆုပေးအပ်ပွဲ ကျင်းပသည်။
Sep 26, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၂၀၇၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်သုံးမြို့နယ်၌ ဒေသခံပြည်သူ ၂၁၃၄ ဦးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်၌ ဒေသခံပြည်သူ ၄၆၅၉ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
Sep 26, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Sep 26, 2022
မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၁) ဟင်းသီးဟင်းရွက် လက်ကားဈေးတည်ဆောက်မည့်မြေနေရာကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 26, 2022
သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများကို သိရှိနားလည်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်အတွက် အောက်ပါ Free Online Certificate Course (2nd Batch) ကို ၆-၁၀-၂၀၂၂ ရက်မှစ၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်-
Sep 26, 2022
လူသားများနှင့်သက်ရှိလောက ရှင်သန်ရပ်တည်နိုင်ရေးအတွက် ယနေ့ကမ္ဘာကြီး ဖြစ်တည်လာသည်မှာ နှစ်သန်းပေါင်းများစွာရှိပြီဖြစ်သည်။ ကမ္ဘာကြီးမပျက်မစီးဘဲ အရှည်တည်ရှိနေနိုင်ရန်အတွက် ရေ၊ မြေ၊ လေတည်းဟူသော သဘာဝအကြောင်း တရားသုံးခုက ထောက်ပံ့ထားသည်။ အဆိုပါ ရေ၊ မြေ၊ လေ သဘာဝအကြောင်းတရားများပျက်စီးလျှင် ကမ္ဘာကြီးလည်း ပျက်စီးယိုယွင်းသွားမည်ဖြစ်သည်။ ထို့ကြောင့် သက်ရှိများ ရှင်သန်နေထိုင်ရာကမ္ဘာကြီး မပျက်စီးစေရေးအတွက် သဘာဝပတ်ဝန်းကျင် မယိုယွင်းအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
Sep 26, 2022
ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတွင် စတင်ကူးစက်ပျံ့နှံ့လာသောအခါ ဦးစွာထိခိုက်ခံစားရသည့် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင်သည်။ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကူးသန်းသွားလာမှုများကို မဖြစ်မနေ ကန့်သတ်လိုက်ရခြင်းက ခရီးသွားလုပ်ငန်းကို ရေသောက်မြစ်ဖြတ်တောက်လိုက်သည့်နှယ်ဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် နှစ်နှစ်ကျော်ခန့် မိမိတို့နေရပ်တွင်သာ ပိတ်မိနေခဲ့ကြရသူများမှာ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်သည့်အခါ ပြည်တွင်းပြည်ပ ခရီးသွားကြရန် စိတ်အားတက်ကြွ ထက်သန်လျက်ရှိနေကြပြီဖြစ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွင် ထင်ရှားသည့် မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံက ယခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံရရှိနိုင်ရန် မျှော်မှန်းထားကြောင်း သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
Sep 25, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 25, 2022
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
Sep 25, 2022
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် အနုပညာရှင်များ ပူးပေါင်းပါဝင်၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ တင်ဆက်ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေမှု ဒုတိယနေ့အဖြစ် ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ ဆက်လက်ကပြဖျော်ဖြေရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှု အားပေးသည်။
