Skip to main content

Sep 27, 2022

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ပြီး အရပ်သားပြည်သူများအား လူသားတံတိုင်း ပြုလုပ်ကာကွယ်ရယူ၍ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခြင်းများ လုပ်ဆောင်လျက် ရှိသည့်အပြင် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ် သိမ်းဆည်းခြင်းများ အပါအဝင် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားက စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း သင်တန်းများတွင် မသန်စွမ်းသူများ တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရန်နှင့် မသန်စွမ်းသူများအတွက် လိုအပ်သော ပံ့ပိုးမှုများပေးနိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေထည့်သွင်း လျာထားပေးကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယနေ့ကျင်းပသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၂) တွင် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုးကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည့်အတွက် စည်းစည်းလုံးလုံးဖြင့် အတူတကွ လက်တွဲနေထိုင်ကြရန် အလွန်အရေးကြီးပါကြောင်း၊ စည်းလုံးညီညွတ်မှ တိုင်းပြည်အေးချမ်းမည်၊ တိုင်းပြည် အေးချမ်းမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာနနှင့် နီးနွယ်နေသည့် အဖွဲ့အစည်းများအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားရန် အလွန်အရေးကြီးပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကရင်စာပေ သင်ရိုး Grade1, 2, 3, Online Teaching ပြီးမြောက်ခြင်း၊ Grade-4 ပြုစုခြင်းနှင့် မြန်မာနိုင်ငံက ရင်တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်း အခမ်းအနား တွင် အထက်ပါအတိုင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂,၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ဥပဒေအသစ် စတင်အကောင်အထည်ဖော်သည့် (၂၀၁၄-၂၀၁၅) ဘဏ္ဍာ နှစ်မှ ၈/၂၀၂၂ လအထိ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အရ အာမခံအလုပ်သမား ၁,၆၄၈,၁၇၅ ဦးအတွက် ငွေကျပ် ၇၇,၄၆၆ ဒသမ ၂၃၉ သန်းကို ခွင့်ပြုထုတ်ပေးခဲ့ပြီး အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အရ အာမခံအလုပ်သမား ၆၃,၈၁၉ ဦးအတွက် ငွေကျပ် ၆,၉၇၇ ဒသမ ၉၆၃ သန်းကို ခွင့်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းကကျင်းပသည့် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမား များ၏ ကျန်ရစ်သူမိသားစုများအား လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေးသည့် အခမ်းအနားမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းကထုတ်ဝေသော ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းနှင့် သတင်းမီဒီယာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Sports Hotel ၌ ကျင်းပရာ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးမင်း က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည်ရွှေချထားသည့် နံရံများ၌ Polycarbonate တပ်ဆင်လှူဒါန်း လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဆာဦးသွင်တန်ဆောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

အာရှ - အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) ၏ အကြိမ်(၆၀) မြောက် အထွေထွေညီလာခံကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိရာ အဆိုပါအထွေထွေ ညီလာခံသို့ အာရှ - အာဖရိက ဥပဒေ အတိုင်ပင်ခံအဖွဲ့ (AALCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Dr. Kamalinne Pinitpuvadol ၏ ဖိတ်ကြားချက်အရ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဥပဒေ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့နှင့်အတူ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်တို့ တက်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ရေးသင်တန်း (၁/၂၀၂၂) တွင် အမှုတည်ဆောက်ခြင်း၊ သက်သေများနှင့် တရားခံများစစ်ဆေးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာများ၊ First Information Report (FIR) ရေး ဖွင့်ခြင်းနှင့် မှုခင်းမှတ်တမ်းများ ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သက်သေခံပစ္စည်းများ၊ အထောက်အထားများရှာဖွေခြင်း နှင့် သိမ်းဆည်းခြင်း၊ ငွေကြေးခဝါချမှုများနှင့် မြေအသုံးချမှုစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားရုံးတွင် စစ်မေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ထားရှိရမည့် သမာဓိတရား၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာများနှင့် စုံစမ်းစစ်ဆေးရေးဝန်ထမ်းများ သိသင့်သိထိုက်သော အကြောင်းအရာများကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

ယခုရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ နေ့စဉ် စိုးရိမ်ဖွယ်ရာတိုးလာသလို ပြန်လည်လျော့ကျသွားသည့် ရက်များလည်းရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ဓာတ်ခွဲစစ်ဆေး ရောဂါပိုးတွေ့ရှိသည့် လူနာများတွင် ယခင်ရက်က သေဆုံးရသည့် လူနာအချို့သည် ကာကွယ်ဆေးမထိုးထားခြင်း၊ ရောဂါအခံများရှိနေခြင်းတို့ကြောင့်ဟု သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီး ထပ်ဆောင်းကာကွယ်ဆေးများပါ ထိုးထားရန်လိုပါသည်။ ထို့အပြင် ရောဂါအခံများရှိနေပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမရှိအောင် အထူးဂရုစိုက်နေထိုင်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

“ငါးမှာ ငါးသလောက်” ဟူသည့် ဆိုရိုးစကားက ငါးသလောက်သည် အရသာအရှိဆုံး ငါးမျိုးဖြစ်ကြောင်း ဖော်ညွှန်းနေပြီး မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ငါးမျိုးထဲတွင် ပါဝင်ကြောင်း ကိုလည်း ပြဆိုနေခြင်းဖြစ်သည်။ ငါးသလောက်ကို ဘင်္ဂလားပင်လယ်အော် ပတ်ဝန်းကျင် သုံးနိုင်ငံဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့က အဓိကထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချသည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ငါးသလောက် ဖမ်းဆီးရမိမှု ကျဆင်းလာပြီး ငါးအရွယ်အစားမှာလည်း သေးငယ်လာသည့် အခြေအနေသို့‌ ရောက်ရှိလာရာ ငါးသလောက်ငါး သယံဇာတမြှင့်တင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လာသည်။

ဆက်လက်ဖတ်ရှုရန်