Skip to main content

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၅

(၇၅) ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပဒေသာကပွဲကို နိုင်ငံတော်အဆင့်ခမ်းနားစွာကျင်းပနိုင်ရန် စုပေါင်းညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း၊ ယခုအချိန်တွင် ပဒေသာကပွဲအစီအစဉ်ရေးဆွဲရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီမှ တိုက်ရိုက်တင်ဆက်ကပြမည့်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်း၍ လျာထားတင်ပြလာပြီဖြစ်ကြောင်း၊ အဆိုပါလျာထားအစီအစဉ်များနှင့်အညီ အတည်ပြုပေးနိုင်မှသာ ဆပ်ကော်မတီအလိုက် ဆက်လက်လုပ်ဆောင်ရမည့်ကဏ္ဍများကို လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ၏ အတည်ပြုလျာထားချက်များကို ဗဟိုကော်မတီသို့တင်ပြ၍ အတည်ပြုချက်ယူပြီး ကြိုတင်ပြင်ဆင်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုတို့ကို ဆောင်ရွက်သွားမည်ဖြစ်ရာ အစီအစဉ်လျာထားချက်များကို ဆွေးနွေးအကြံပြုစေလိုကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်မှတာဝန်ရှိသူများနှင့် အတွေ့အကြုံရှိသော အနုပညာရှင်များ ပူးပေါင်းစီစဉ်ဆောင်ရွက်မည်ဖြစ်ရာ အောင်မြင်ပြီးမြောက်ရန် ဆွေးနွေး ညှိနှိုင်း လုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် စိန်ရတုလွတ်လပ်ရေးနေ့ ပဒေသာကပွဲကျင်းပရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီဝင်၊ ပဒေသာကပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား(ရန်ကုန်)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့မှ တာဝန်ရှိသူများက ပဒေသာကပွဲနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်