Skip to main content

စာပေဗိမာန်စာမူဆုရစာအုပ် ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ကဗျာပေါင်းချုပ်ပထမဆုရရှိသည့် စာရေးဆရာ မောင်ဟန်တင့် (ပင်လည်ဘူး)၏ “စိန်စီသောမြစ်နှင့် အခြားကဗျာများ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိပါသည်။

ယင်းစာအုပ်တွင် စုစုပေါင်း ကဗျာပုဒ်ရေ ၆၀ ပါဝင်ပြီး ရှေးစာဆိုများ၏ ဂုဏ်အထူးကို ညွှတ်နူးသည့် ကဗျာများအပြင် ကာလဒေသပယောဂနှင့်ယှဉ်၍ ဆင်ခြင်တွေးဆအပ်သည့် အကြောင်းအချက်များ၊ ကိုယ်ကျင့်တရားနှင့် မိဘမေတ္တာဖွဲ့၊ ရွာအလွမ်းဖွဲ့၊ စစ်၏အနိဋ္ဌာရုံနှင့် သွေးစည်း ညီညွတ်ရေးတို့ကို ကာရန်မိမိ၊ အလင်္ကာ၊ ဂုဏ်မြောက်စွာ ဖွဲ့နွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပေသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၃၁၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်