Skip to main content

စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၁

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် () ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များပေးနိုင်ရန်တို့အတွက် စတုတ္ထအကြိမ် မဏ္ဍိုင် () ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။

 အဆိုပါဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက် ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊  ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ် မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်း ကြိုင်၊ ဒုတိယဥက္ကဋ္ဌ  ဒေါက်တာ မျိုးသန့်တင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံသတင်း စာဆရာ အသင်း၊ မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာ ဂျာနယ်လစ်ကွန်ရက်၊ နိုင်ငံတကာမြန်မာ သတင်း အဖွဲ့နှင့်  မြန်မာအမျိုးသမီးသတင်းစာဆရာများအဖွဲ့ တို့မှ သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က စတုတ္ထအကြိမ်မဏ္ဍိုင် ၄ ရပ်အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းရန်၊ သတင်းမီဒီယာ သမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များအပြည့်အဝရရှိစေရန်အတွက် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် သတင်းမီဒီယာများအကြား တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ မဏ္ဍိုင်တစ်ရပ်ချင်းစီ၏ လုပ်ငန်းသဘာဝနှင့် သတင်းမီဒီယာလုပ်ငန်းသဘာဝတို့ကို အချင်းချင်းအပြန်အလှန် အသိအမှတ်ပြု လက်ခံကာ  ပူးပေါင်းညှိနှိုင်းခြင်းဖြင့် ပိုမိုပွင့်လင်းမြင်သာ မှုရှိသည့် ပြည်သူ့အကျိုးပြုအစိုးရစနစ် (Good Governance) ပေါ်ထွန်းရေးအတွက် အထောက် အကူပြုရန်နှင့် တတိယအကြိမ်မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်များအား ပြန်လည် သုံးသပ်ရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပါကြောင်း။

ဒီမိုကရေစီနိုင်ငံတစ်ခုတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အများပြည်သူသည် တိုင်းပြည်၏ အခြေအနေ၊ အကြောင်း အရာများ၊ သတင်းအချက်အလက်များကို သိရှိရမည်ဖြစ်ပါကြောင်း၊ ပြည်သူသိသင့်သိထိုက်သည့် အချက်အလက်များကို ပြည့်ပြည့်ဝဝ သိရှိရန်အတွက် သတင်းမီဒီယာများကို အားကိုးရမည်ဖြစ်ပြီး သတင်းမီဒီယာသည် အများပြည်သူသိရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် မူလချမှတ်ထားသည့် ရည်ရွယ်ချက်များကို အခြေခံ၍  ကြိုတင်ညှိနှိုင်း အစည်းအဝေးများတွင် ဆွေးနွေးခဲ့ကြသည့်အချက်များ၊ မဏ္ဍိုင် ၃ ရပ် နှင့် ဆွေးနွေးပွဲမှ ပေါ်ပေါက် ခဲ့သည့် အချက် ၆ ချက်၊ သတင်းမီဒီယာများနှင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးမှ အချက် ၈ ချက်၊ တတိယအကြိမ် မဏ္ဍိုင် ၄ ရပ်ဆွေးနွေးပွဲမှ ရရှိခဲ့သည့် ရလဒ် ၁၃ ချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများကို ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ကောင်းမွန်သော အကျိုးရလဒ်များထွက်ပေါ်စေရန်နှင့် ပါဝင်သည့် မဏ္ဍိုင်အချင်းချင်းအကြား နားလည်သိရှိမှုနှင့် ပူး ပေါင်းဆောင်ရွက်မှု တိုးတက်စေရန် ရလဒ်ကောင်းများ ထွက်ပေါ်စေပြီး အဆိုပါ ရလဒ်များမှ ဆက် လက်၍ မိမိတို့နိုင်ငံတွင် ကောင်းမွန်သည် အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်ရန် ဒီမိုကရေစီစနစ် ထွန်းကား ရေးအတွက် အထောက်အကူပြုနိုင်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

 ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲများသည် ဒီမိုကရေစီနိုင်ငံတစ်ခု၏ ကောင်းမြတ်သည့် လက္ခဏာများ ဖြစ်ပါ ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတိုးတက်ရန် လမ်းကြောင်းခင်းခြင်းလည်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်း ပုံ အခြေခံဉပဒေအရေ အချုပ်အခြာအာဏာသည် ပြည်သူတွင် တည်ပါကြောင်း။  

မဏ္ဍိုင် ၃ ရပ်သည် အပြန်အလှန်ထိန်းကျောင်းသည့်စနစ်ကို ဖွဲ့စည်းပုံအခြေခံဉပဒေက တာဝန်ပေးအပ်ထားပါကြောင်း၊ အဆိုပါမဏ္ဍိုင်များကဲ့သို့ မင်းတုန်းမင်းလက်ထက် ကုန်းဘောင် ခေတ် နှောင်းပိုင်းတွင်  သတင်းမီဒီယာသမားများကို ပြည်ကြီးပုခုံး၊ ပြည့်မျက်လုံးအဖြစ်နှင့် တာဝန် သတ်မှတ်ပိုင်းခြားပေးထားခဲ့ပါကြောင်း၊ ယနေ့ခေတ်တွင်  သတင်းမီဒီယာသမားများသည် ပြည်သူ များ သတင်းအမှန်ရရှိရေးအတွက် အဆိုပါတာဝန်များကို ထမ်းဆောင်နေကြပါကြောင်း   ပြောကြား သည်။

ယင်းနောက်  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက  မီဒီယာသမားများ အပါအဝင် ပြည်သူများ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားပိုင်ခွင့်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ ခံစားနိုင်ရန်အတွက် မီဒီယာကျင့်ဝတ်၊ ဒီဂျစ်တယ်မီဒီယာပညာ၊ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု စသည် တို့ကို နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူအားလုံးက မြှင့်တင်ပေးနိုင်အောင် ပူးပေါင်းဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာဖြစ်ရပ်များကို လေ့လာကြည့်ပါက မီဒီယာများ မမှန်မကန် ရေးသားဖော်ပြမှုကြောင့် ပြည်တွင်းစစ်မီးတောက်ခဲ့ရသည်များရှိသကဲ့သို့၊ နိုင်ငံတစ်ခု၏ လွတ်လပ် မျှတသည့် ရွေးကောက်ပွဲကို ပြည်ပအဖျက်အမှောက်များက လူသုံးများသော အွန်လိုင်း မီဒီယာများ မှတစ်ဆင့်  ဝင်နှောက်ခဲ့ကြသည်ကိုလည်း ကြားဖူးကြမည်ဖြစ်ပါကြောင်း။

ထိုပြဿနာများကို ဟန့်တားကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ တိကျမှန်ကန်သော သတင်းအချက်အလက်များသည် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် သတင်းအရင်းအမြစ်များမှ အချိန် နှင့် တစ်ပြေးညီ စီးဆင်းနေရန်ဖြစ်ပါကြောင်း၊ ယင်းတာဝန်ကြီးကို အောင်မြင်စွာ ဆောင်ရွက် နိုင်ရန် အတွက် အရေးအကြီးဆုံးမှာ မိမိတို့မဏ္ဍိုင် ၄ ရပ်အကြား အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုရှိရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက မိမိအနေဖြင့် တတိယအကြိမ် မဏ္ဍိုင် ၄ ရပ် ဆွေးနွေးပွဲတွင်လည်း ပါဝင်ခဲ့ပါကြောင်း၊ တတိယအကြိမ် ဆွေးနွေးပွဲကို ပြန်လည်လေ့လာရာတွင် အကြောင်းအရာ ၆ ခုကို အဓိကထား ဆွေးနွေးခဲ့ပါကြောင်း၊ ပထမအချက်အနေဖြင့် သတင်းသမားများအား အသိအမှတ် ပြုမှု၊ သတင်းဌာနများ ကိုယ်စားပြုမှု နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါကြောင်း၊ ဒုတိယအချက် အနေ ဖြင့် ဌာန၊ အဖွဲ့အစည်းများ၏ တာဝန်ခံဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါ ကြောင်း၊ တတိယအချက်အနေဖြင့် Capacity Building and Development နှင့်ပတ်သက်၍ ဆွေး နွေးခဲ့ကြပါကြောင်း၊ စတုတ္ထအချက်အနေဖြင့် ကျင့်ဝတ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါကြောင်း၊ ပဉ္စမ အချက်အနေဖြင့် ထားရှိရမည့် သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံး အချက်အနေဖြင့် သတင်းမီဒီယာဘက်လိုက်မှု ကင်းရှင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါ ကြောင်း။

ထိုအကြောင်းအရာ ၆ ခုအပေါ် မူတည်ဆွေးနွေးခဲ့ကြပြီး တိုးတက်မှုများ ရှိမည်ဟု ထင် မြင်မိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင်လည်း ထိုအကြောင်းအရာ ၆ ခုအနက်မှ အချို့ အကြောင်း အရာများကို ဆက်လက်ဆွေးနွေးမည့်အခြေအနေကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆွေးနွေး မှုအပြီးတွင် မိမိတို့ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြည့်ပြည့်စုံစုံ မျှမျှတတ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရ ဦးမည်ဆိုသည့် အခြေအနေတစ်ခုကို တွေ့မြင်ရပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုထွန်း က တရားရုံးအဆင့်ဆင့်ရှိ သတင်းပြန်ကြားရေးအဖွဲ့များ၊ တရားရုံးသတင်းပြန်ကြားရေး အရာရှိများ နှင့် သတင်းမီဒီယာများ တွေ့ဆုံခဲ့မှုမှတ်တမ်းများကို ပြန်ကြည့်မည်ဆိုပါက ၂၀၁၉ ခုနှစ် အတွင်း အကြိမ် ၂၁၀ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ယခုအချိန်အထိ အကြိမ်ပေါင်း ၁၇၃ ကြိမ် ရှိပါ ကြောင်း၊ ထို့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ရာဇဝတ်အကြောင်း သိကောင်း စရာ၊ တရားမအကြောင်း သိကောင်းစရာ၊ စာချွန်တော်အကြောင်း သိကောင်းစရာ၊ သင့်အတွက် တရားရုံး ဟူသည့် လက်ကမ်းစာစောင် ၄ မျိုးရိုက်နှိပ် ပြီး တရားရုံးများမှ တစ်ဆင့် အများ ပြည်သူသို့ ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ ယင်းစာစောင် ၄ မျိုးထဲမှ ၃ မျိုးကို My Justice နှင့်ပူး ပေါင်းပြီး ကချင်၊ ကယား၊ ပိုးကရင်၊ စကောကရင်၊ မွန်၊ ရှမ်း နှင့် ပအိုဝ်း ဘာသာစကားများဖြင့် ပြန်ဆိုပြီး သက်ဆိုင်ရာဒေသများသို့ တရားရုံးများမှတစ်ဆင့် ဖြန့်ဝေနိုင်ခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရဲရင့် အောင်က နေ့စဉ် ပြည်တွင်း၊ ပြည်ပ မီဒီယာအဖွဲ့များက တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ထံ ဖုန်းဖြင့်မေးမြန်းလျက်ရှိရာ သတင်းမှန်ကန်မှု ရှိ/မရှိ စိစစ်၍ ပြည်လည်ရှင်းလင်းဖြေကြားပေး လျက်ရှိပါကြောင်း၊   သတင်းမီဒီယာသမားများ ခွဲခြားဆက်ဆံမှုမရှိ တန်းတူသတင်းရယူနိုင်အောင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို လစဉ်ကျင်းပပြုလုပ်ပေး လျက်ရှိပြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော သတင်းမီဒီယာသမားများကို အနီးကပ် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး သတင်းမီဒီယာသမားများ၏ သိရှိလိုသည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားပေးလျက်ရှိပါကြောင်း    ပြောကြား သည်။

ယင်းနောက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ပြည်ထောင် စု ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့မှ တာဝန်ရှိသူများက သတင်းမီဒီယာ သမားများအနေဖြင့် မဏ္ဍိုင် ၃ ရပ်တွင် သတင်းရယူခြင်းနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး ဆိုင်ရာများကို ဆွေးနွေးကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ် လစ်ကွန်ရက်၊ နိုင်ငံတကာမြန်မာသတင်းအဖွဲ့နှင့် မြန်မာအမျိုးသမီးသတင်းစာဆရာများအဖွဲ့တို့မှ တာဝန်ရှိသူများက  မေးမြန်းဆွေးနွေးကြပြီး  မဏ္ဍိုင် () ရပ်မှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် စတုတ္ထအကြိမ် မဏ္ဍိုင် () ရပ် အလုပ်ရုံဆွေးနွေးပွဲ၏ ဆွေးနွေးပွဲရလဒ်များကို တက်ရောက်လာကြသူများက အတည်ပြုဆုံးဖြတ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကားပြောကြား သည်။

 ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ၌ မဏ္ဍိုင် () ရပ်ကြား သတင်းရယူခြင်းဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာကျင့်ဝတ်ကို အခြေခံသော၊ အပြန်အလှန်လေးစားမှုကို အခြေခံ သော၊ ခွဲခြားမှုမရှိသော ဆက်ဆံရေး အခြေအနေမျိုးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရန်၊  သတင်းသမားများ သတင်းရယူရာတွင် တွေ့ကြုံရသည့်အခက်အခဲများ ဖြေရှင်း ဆောင်ရွက်နိုင် ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက်ရန်၊  မဏ္ဍိုင်()ရပ် အလုပ်ရုံ ဆွေးနွေးပွဲများတွင် ဆုံးဖြတ် ခဲ့သော ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာအလိုက် တစ်စိုက်မတ်မတ် အကောင်အထည် ဖော် ဆောင်ရွက်သွားရန်၊ သတင်းဌာနများ၏ Website များအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပါက ပိတ်ပင်မှုမခံရစေရေး ဆောင်ရွက်ပေးရန်၊ တိုင်းဒေသကြီး/ ပြည် နယ်များတွင် သတင်းရယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍  ဌာနဆိုင်ရာများနှင့် မီဒီယာများ အကြား အဆင်ပြေချောမွေ့မှု ရှိစေရေး လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးရန်၊ သတင်းရေးသား တင် ဆက်မှုများနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ နှင့်အညီ ရှေးဦးစွာ အရေးယူတိုင်ကြားနိုင်ရေး ဆောင်ရွက်ရန်၊ သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် သတင်းမီဒီယာဆိုင်ရာ မဏ္ဍိုင်()ရပ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (သို့မဟုတ်) ကော်မတီ ဖွဲ့စည်း နိုင်ရေးဆောင်ရွက်ရန်၊ သတင်းမီဒီယာသမားများ အသိအမှတ်ပြုလက်မှတ် ထုတ် ပေးရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သက်ဆိုင်ရာ သတင်းမီဒီယာ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများက အရေးကြီး၊ အရေးပေါ် အခြေအနေများတွင် သတင်းထုတ်ပြန်ချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ပေး ရန်နှင့် ဖြေကြားပေးရန်၊ အွန်လိုင်းမီဒီယာ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် သက် ဆိုင်သူအား လုံးနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရန် ဟူသည့် အချက် ၁၀ ချက်ကို အတည်ပြုခဲ့ကြသည်။

မဏ္ဍိုင် () ရပ် အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ပထမ အကြိမ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဒုတိယအကြိမ်နှင့် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်တွင် တတိယအကြိမ် ကျင်းပခဲ့သည်။

(သတင်းစဉ်)