Skip to main content

Sep 21, 2023

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံတက္ကသိုလ်သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ တတိယနှစ် ရူပဗေဒ၊ သင်္ချာနှင့် ဘူမိဗေဒဘာသာရပ်၊ စတုတ္ထနှစ် သတ္တဗေဒဘာသာရပ်များ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2023

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်းများ၏ ပြည်ပဆွေးနွေးပွဲနှင့် သင်တန်းအတွေ့အကြုံများ နှီးနှောဖလှယ်ရေး အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2023

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဝင်းအတွင်း၌ အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသော ဝူရှူးအားကစားသမားများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2023

မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် မြန်မာ့ရေးရာလေ့လာရေးဌာန ယူနန်တက္ကသိုလ်တို့ပူးပေါင်းလျက် “ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်း ထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားဆွေးနွေးပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2023

နီပေါနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း (၉) နှစ်မြောက်နှင့် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များတည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီသုတေသန အခြေပြုတက္ကသိုလ်ကြီးများဖြစ်ပေါ်လာရေး၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့တွင် Washington Accord နှင့်အညီ အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုမှုရရှိရေး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်း (Myanmar National Airliens-MNA) ၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ပြည်လမ်းရှိ Novotel Hotel Yangon ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ Mr. Watanabe Yusuke ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

အိန္ဒိယနိုင်ငံ နည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC Day-2023 အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ် အေ အယ်လ်-ကူဝါရီ ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ဘေဂျင်းမြို့ရှိ ဟန်ဇင်းနည်းပညာကုမ္ပဏီ (Hisign Technology Co.Ltd) သို့သွားရောက်လေ့လာရာ ကုမ္ပဏီဥက္ကဋ္ဌ Mr. Liu Xiaochun က ကုမ္ပဏီ၏ နည်းပညာဆိုင်ရာထုတ်ကုန်များ အခြေအနေနှင့်စွမ်းဆောင်နိုင်မှု၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် Biographic နှင့် ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူနိုင်သည့် နည်းပညာဆိုင်ရာစက်ကိရိယာများ အသုံးပြုဆောင်ရွက်မှုအခြေအနေတို့ကို လိုက်လံရှင်းလင်းပြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ e-ID စနစ် လုပ်ငန်းဆောင်ရွက်မှုနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းတို့နှင့်အတူ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီ မိနစ် ၄၀ က ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့သို့ လေကြောင်းခရီး ဖြင့်ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

“ပုဂံခေတ် လူမှုစီးပွားဘဝ” သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar အား ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဖြစ်သူ H. E. Mr. Vinay Kumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီသည် မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ်ခရီးလာရောက်သည့် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယဝန်ကြီးနှင့် ဟူနန်ပြည်နယ် ရဲတပ်ဖွဲ့မှူး Mr.Wang Yi Ou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံ တက်ရောက်ပြီး စက်တင်ဘာ ၁၈ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်