Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကာတာသံရုံး ယာယီတာဝန်ခံကိုလက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၀

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ် အေ အယ်လ်-ကူဝါရီ ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ယဉ်ကျေးမှုဖလှယ်ရေး အစရှိသော ကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဖော်ဆောင်ရေး၊ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အထူးသဖြင့် အာဆီယံ-အာရပ် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် ကုလသမဂ္ဂမူဘောင်အောက်မှ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်