နေပြည်တော် စက်တင်ဘာ ၁၉
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီသည် မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ်ခရီးလာရောက်သည့် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယဝန်ကြီးနှင့် ဟူနန်ပြည်နယ် ရဲတပ်ဖွဲ့မှူး Mr.Wang Yi Ou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ တွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ဆိုက်ဘာမှုခင်းနှင့် ဆက်သွယ်ရေးအသုံးပြု လိမ်ညာမှုများ တိုက်ဖျက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် အမြင်ချင်းဖလှယ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်သည်။
တက်ရောက်
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၁)၊ ရဲဗိုလ်ချုပ် အောင်အောင်နှင့် အဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်