Skip to main content

ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များ တည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြုတက္ကသိုလ်ကြီးများဖြစ်ပေါ်လာရေး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ညှိနှိုင်းဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၀

ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များတည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီသုတေသန အခြေပြုတက္ကသိုလ်ကြီးများဖြစ်ပေါ်လာရေး၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့တွင် Washington Accord နှင့်အညီ အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုမှုရရှိရေး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပသည်။

အစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိန်းကျော်က ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များတည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြုတက္ကသိုလ်ကြီးများ ဖြစ်ပေါ်လာရေးနှင့်ပတ်သက်၍ အဖွင့်ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ နာယကကြီးများ၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ဌာနမှူးများက Polytechnic University များ တည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီသုတေသနအခြေပြု တက္ကသိုလ်ကြီးများ ဖြစ်ပေါ်လာရေး၊ Washington Accord နှင့်အညီ အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုမှုရရှိရေး ညှိနှိုင်းဆွေးနွေး အကြံပြုပြောကြားသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့်ချိတ်ဆက်ပြီး အင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုရေး စံသတ်မှတ်ချက်များ (Accreditation Criteria) အရ ပိုမိုပြည့်စုံစွာ စစ်ဆေးခံနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ (EEAC) အနေဖြင့် International Engineering Alliance ၏ Washington Accord တွင် ပဏမအသိအမှတ်ပြုအဖွဲ့ဝင် (Provision Signatory) ရရှိပြီး အမြဲတမ်းအသိအမှတ်ပြုအဖွဲ့ဝင် (Full Signatory) ရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့အား အင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုရေး စံသတ်မှတ်ချက်များ (Accreditation Criteria) အရ ပိုမိုပြည့်မီစွာ စိစစ်ခံနိုင်ရေးအတွက် ဆောင်ရွက်ရမည်များကို Action Plan များရေးဆွဲပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်