Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပြန်ကြားပေးခြင်းနှင့်အသိပညာပေးခြင်းတို့ကို ကြိုးစားဆောင် ရွက် ခဲ့ကြသည့်အတွက် ဂုဏ်ယူအသိအမှတ်ပြု

နေပြည်တော် မတ် ၁၅

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မတ် ၁၄ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးနှင့် စာကြည့်တိုက် တို့ကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဝေါ၊ သနပ်ပင်နှင့် ကဝ မြို့နယ်တို့မှ မြို့နယ်ဦးစီးအရာရှိများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပဲခူးထပ်ဆင့်လွှင့်စက်ရုံမှူး တို့အား တွေ့ဆုံ၍လုပ်ငန်း ဆိုင်ရာများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များမှာကြားသည်။

ထို့နောက် ညောင်လေးပင်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့် တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီး အရာရှိနှင့် ဝန်ထမ်းများ၊ ရွှေကျင်၊ ဒိုက်ဦးနှင့်ကျောက်တံခါးမြို့နယ်တို့မှ မြို့နယ်ဦးစီးအရာရှိများ အား တွေ့ဆုံသည်။

မွန်းလွဲပိုင်းတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဖြူး၊ အုတ်တွင်း၊ ရေတာရှည်နှင့် ထန်းတပင်မြို့နယ်တို့မှ မြို့နယ်ဦးစီး အရာရှိများအား တွေ့ဆုံသည်။

ဒုတိယဝန်ကြီး ဦးရဲတင့်သည် မတ် ၁၅ ရက် နံနက်ပိုင်းတွင် တောင်ငူမြို့ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေး ပြီး စက်ရုံမှူး၊ ဝန်ထမ်းများနှင့် လည်း ကောင်း၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြို့နယ်ဦးစီး အရာရှိနှင့် ဝန်ထမ်းများ အားလည်းကောင်း တွေ့ဆုံသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေး၍ နေပြည်တော် ကောင်စီနယ်မြေ ညွှန်ကြားရေးမှူး၊ ဒက္ခိဏခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။

ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီး ကာလနောက်ပိုင်းတွင် နိုင်ငံတော်က စီမံဆောင်ရွက် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပြန်ကြားပေးခြင်းနှင့် အသိပညာပေးခြင်း တို့ကို ကြိုးစားဆောင်ရွက်ခဲ့ကြသည့်အတွက် ဂုဏ်ယူအသိ အမှတ်ပြုပါကြောင်း၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဖွဲ့စည်းပုံကို ပြင်ဆင် တိုးမြှင့်ပေးထားပြီး သည်နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ၏ လုပ်ငန်းများ ပိုမို အောင်မြင် တိုးတက် စေအောင် ကြိုးစား ဆောင်ရွက်ရန် တာဝန်ရှိလာသည်ဟု ခံယူကြရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဘဝကို ဂုဏ်ယူလျက် သစ္စာရှိရှိဖြင့် ကျေပွန်အောင် ထမ်းဆောင် ကြစေလို ကြောင်း၊ လူငယ်လူရွယ်များ အတွေးအခေါ်မှန်ကန်ပြီး ကိုယ်ကျင့်တရားကောင်းမွန်၍ ဗလငါးတန်နှင့်ပြည့်ဝသော နိုင်ငံအတွက် အားကိုးအားထားပြုရမည့် လူတော်လူ ကောင်းများ ဖြစ်အောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မီးဘေး အန္တရာယ် ဂရုပြုရန်နှင့် ရုံးသုံးစက်ပစ္စည်းများ၊ စာအုပ်စာစောင်များ၊ ထပ်ဆင့် လွှင့်စက် ပစ္စည်းများ မပျက်စီးမဆုံးရှုံးအောင် တာဝန်ရှိသူ အဆင့်ဆင့်က ထိန်းသိမ်းကြပ် မတ်ဆောင် ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေး ခဲ့သည်။

သတင်းစဉ်